20 April 2024

,

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုမဲခွဲရလဒ် ထွက်ပေါ်၊ မဲအိုး ၂ မှာရပ်တည်နေတဲ့ ထိုင်းတိုက်ဆင်အသင်း အုပ်စု (စီ) မှာ ကျရောက်။

၂၀၂၃ အာရှာဖလားခြေစစ်ပွဲ တတိယအဆင့် ပြိုင်ပွဲအတွက် ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၄ ရက်နေ့က အုပ်စုမဲခွဲရာမှာ မဲအိုး (၂) မှာ ရပ်တည်နေတဲ့ထိုင်းအသင်းက အိမ်ရှင် ဥဇဘက်ကစ္စတန်အသင်းနဲ့အတူ အုပ်စု (စီ) မှာကျရောက်နေပါတယ်။

မော်လဒိုက်အသင်းအပါအဝင် သီရိလင်္ကာအသင်းကလည်း အုပ်စု (စီ) မှာ အသီးသီးတွေ့ဆုံနေပါတယ်။

ခြေစစ်ပွဲစဉ်တွေကို ယခင်ကလိုမဟုတ်ဘဲ တစ်ကျော့တည်းကစားရမှာဖြစ်ပြီး အုပ်စု (စီ) ကအသင်းတွေကတော့ ဥဇဘက်ကစ္စတန်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။

တတိယအဆင့်ခြေစစ်ပွဲစဉ်တွေကို လာမယ့်ဇွန်လ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ထိုင်းအသင်းအနေနဲ့ လာမယ့် ဇွန်လ ၈ ရက်နေ့မှာ မော်လဒိုက်အသင်း၊ ဇွန်လ ၁၁ ရက် နေ့မှာ သီရိလင်္ကာအသင်း၊ ဇွန်လ ၁၄ ရက်နေ့မှာ အိမ်ရှင်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အခြားအုပ်စုတွေမှာတော့ ဂျော်ဒန်၊ ကူဝိတ် (အိမ်ရှင်)၊ အင်ဒိုနီးရှား၊ နီပေါအသင်းတို့က အုပ်စု (အေ) မှာ ကျရောက်နေပြီး ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ ယီမင်၊ မွန်ဂိုလီးယား (အိမ်ရှင်) အသင်းတို့က အုပ်စု (ဘီ)မှာကျရောက်နေပါတယ်။

အုပ်စု (ဒီ) မှာတော့ အိန္ဒိယ(အိမ်ရှင်)၊ ဟောင်ကောင်၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယားအသင်းတို့တွေ့ဆုံနေပြီး အုပ်စု (အီး) မှာတော့ ဘာရိန်း၊ တာမင်နစ္စတန်၊ မလေးရှား (အိမ်ရှင်)၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့ထိပ်တိုက်တွေ့ဆုံနေကာ ကာဂျစ်စ္စတန်(အိမ်ရှင်)၊ တာဂျစ်ကစ္စတန်၊ မြန်မာ၊ စင်္ကာပူအသင်းတို့ကတော့ အုပ်စု (အက်ဖ်) မှာ ကျရောက်နေပါတယ်။

အုပ်စုတစ်ခုချင်းစီက အုပ်စုဗိုလ် ၆ သင်းအပါအဝင် အုပ်စုဒုတိယအကောင်းဆုံး ၅ သင်းတို့က ၂၀၂၃ အာရှဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

၂၀၂၃ အာရှဖလားပြိုင်ပွဲကို တရုတ်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ကနေ ဇူလိုင်လ ၁၆ ရက်နေ့အထိကျင်းပသွားမှာ ဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS