21 April 2024

ထိုင်းတွင် ယနေ့ကစပြီး အရက်ဘီယာအပါအဝင် စားသုံးကုန်တချို့ ၁၀-၃၀% ဈေးမြင့်တက်။

ယနေ့ (၁-၃-၂၀၂၂) ကစပြီး ယခင်က ၁ ပုလင်းကို ၁၀ ဘတ်နှုန်းဖြင့်ရောင်းချခဲ့တဲ့ စွမ်းအားဖြည့်အချိုရည်အမျိုးအစားတစ်ခုက ဈေးနှုန်းကို ၂၀% မြှင့်တင်လိုက်ပြီး ၁၂ ဘတ်ဖြင့်စတင်ရောင်းချနေတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

 

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး အရက်ဘီယာတချို့က တစ်ပါကင်ကို ၂၀-၃၀ ဘတ်အထိဈေးမြှင့်တင်လိုက်ပြီး ၁ ပုလင်းကို ၅ ဘတ်နှုန်းဈေးတင်ပြီးရောင်းချနေခဲ့ပြီဖြစ်ပါတယ်။ ယခင်က ၁ ပုလင်းကို ၆၅ ဘတ်နှုန်းဖြင့်ရောင်းချနေတဲ့အရက်ဘီယာတွေကို ၇၀ ဘတ်နှုန်းနဲ့ဝယ်သောက်နေရပြီဖြစ်ပါတယ်။

မီးဖိုချောင်တိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ စားဆီဈေးနှုန်းကလည်း နှစ်ဆန်းပိုင်းကစလို့ တစ်ရိပ်ရိပ်ထိုးတက်လာနေတာဖြစ်ပါတယ်။ နေရာဒေသပေါ်မူတည်ပြီး စားအုန်းဆီ ၁ ဘူးကို ဘတ် ၆၀ ကနေ ဘတ် ၇၀ အထိရောင်းချနေပါတယ်။ ပဲပိစပ်ဆီကတော့ ၁၀% ခုန်တက်လာပြီး ၅၅ ဘတ်ကိုကျော်လာကာ ၁ ဘူးကို ၅၈ ဘတ်ကနေ ၅၉ ဘတ်အထိရောင်းချနေပါတယ်။ အခုလို စားဆီဈေးနှုန်းမြင့်တက်လာတာကြောင့် ကုန်တိုက်တွေမှာ လူတစ်ယောက်ကို ၂ ဘူးကနေ ၆ ဘူးအထိသာ ရောင်းချပေးနေတယ်လို့သိရပါတယ်။

ပလာတူး

SHARE THIS NEWS

OTHER NEWS