20 April 2024

,

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း စီစကစ်ခရိုင်မှာလည်း ပန်းရံဆရာတစ်ဦး ထိုင်းထီပထမဆု ၃ စောင်တွဲပေါက်ပြီး ဘတ် ၁၈ သန်း ကံထူးသွားပြန်ပါတယ်။

ထိုင်းထီ ပထမဆု ၄ စောင် တွဲ ဆွတ်ခူးခဲ့တဲ့ အသက် ၅၁ နှစ်အရွယ် ထိုင်းအမျိုးသား ကံထူးရှင်ဟာ ပန်းရံအလုပ်သမားတစ်ဦးဖြစ်ပြီး သူဟာ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ညက သူ့ရဲ့အကိုဖြစ်သူဟာ အိမ်မက်ထဲမှာ ငွေထုပ်ပိုက်ပြီး ဆုံးပါးသွားတဲ့အမေဖြစ်သူကို အလှူလုပ်ပေးရန် ရည်ရွယ်ကာ သူ့ကို ငွေတွေပေးသွားကြောင်း အိမ်မက်မက်ရာက နောက်နေ့မနက်မှာ ထီသယ်တစ်ဦး ထံထီလက်မှတ် ၃ ဆောင်တွဲဝယ်ယူခဲ့ကာ ပထမဆု ၃ ဆောင်တွဲ ထံထူးသွားခဲ့ရတာဖြစ်ကြောင်း ဝမ်းပမ်းတစ်သာ သတင်းသမား တွေကို ပြောပြပါတယ်။

ထီပေါက်ပြီး ရည်ရွယ်ချက်ကို မေးခဲ့ရာ ၎င်းက ပထမဦးဆုံးအနေနဲ့ ကြွေးမြီတွေကို ဆပ်ပြီး ဆုံးပါးသွားတဲ့ အမေအတွက် အလှူအတန်းလုပ်ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

SHARE THIS NEWS

OTHER NEWS