26 April 2024

,

ပုဒ်မ ၅၀၅-က ဖြင့်တရားစွဲဆိုခံထားရပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင် လူမင်း၊ ပိုင်တံခွန်၊ Beauty Blogger ဝင်းမင်းသန်းနှင့် ဒါရိုက်တာ ဝိုင်းတို့ ၂၀၂၂ မတ်လ ၂ ရက်နေ့ (ယနေ့)  လွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှသိရပါတယ်။

အနုပညာရှင်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောခဲ့အပြီး ပုဒ်မ ၅၀၅-က ဖြင့် အာဏာသိမ်းအပြီး ကာလအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ အနုပညာရှင်အချို့ လွတ်မြောက်လာခဲ့တာပါ။

အနုပညာရှင်များကို ဘယ်လို ရည်ရွယ်ချက်ဖြင့် လွှတ်ပေးခဲ့တာလဲ ဆိုတဲ့ မီဒီယာများရဲ့မေးခွန်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘာအထိမ်းအမှတ်မှမရှိဘဲ ဒီတိုင်းလွှတ်ပေးတာဖြစ်တယ်လို့ ဖြေဆိုခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS