20 April 2024

,

ယူရို ၅ သန်းလက်လွတ်ခံပြီး ရုရှားကိုပံ့ပိုးနေတဲ့တရုတ်ဟွာဝေးနဲ့ စာချုပ်ဖျက်သိမ်းလိုက်တဲ့ ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါ့စကီး။

ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်ဟွာဝေးဟာ ရုရှားကိုထောက်ပံ့နေတယ်ဆိုတဲ့သတင်းတွေထွက်ရှိလာတဲ့နောက်မှာ ဂျာမန် ဘိုင်ယန်မြူးနစ်ကလပ်မှာကစားနေတဲ့ ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ ဟွာဝေးနဲ့ အမ်ဘာစတာစာချုပ်ကို တရားဝင်ဖျက်သိမ်းလိုက်ပြီလို့ ပိုလန်အခြေစိုက် TVP SPORT သတင်းဌာနကဖော်ပြထားပါတယ်။

အသက် ၃၃ နှစ်တိုက်စစ်မှူးလီဝမ်နဲ့ဟွာဝေးတို့နှစ်ဦးကြားချုပ်ဆိုထားတဲ့အမ်ဘာစတာစာချုပ်တန်ဖိုးဟာယူရို ၅ သန်းအထိမြင့်မားတယ်လို့ ဆိုပါတယ်။

ရုရှားကိုထောက်ပံ့နေတယ်ဆိုတဲ့သတင်းဟာ မဟုတ်မမှန်ဘူးလို့ ဟွာဝေးဘက်က ပြန်လည်ထုတ်ပြန်ထားပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS