27 April 2024

,

လီဗာပူးနှင့်မန်ယူနိုက်တက်အသင်းတာဝန်ရှိသူများ မြို့တော်ဗန်ကောက်၊ ရမ်ခမ်ဟဲလမ်းရှိ ရာဇမင်္ဂလာအားကစားကွင်းကို လာရောက်စစ်ဆေး။

ကြိုးကြာနီ လီဗာပူးအသင်းနဲ့ သရဲနီ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ဗန်ကောက်မှာထိပ်တိုက်ရင်ဆိုင်မယ့် သမိုင်းဝင် THE MATCH Bangkok Century Cup 2022 ပွဲစဉ်အတွက် လီဗာပူးအသင်းရဲ့ General Manager – First Team Operations ဖြစ်သူ Ray Haughan နဲ့ မန်ယူအသင်းဘက်ကDirector of Tours & Friendlies ဖြစ်သူ Christoffer Komen တို့က ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာပွဲကျင်းပမယ့် ရာဇမင်္ဂလာအားကစားကွင်းရဲ့အသင့်ဖြစ်မှုကို လာရောက်စစ်ဆေးသွားခဲ့ပါတယ်။

ပွဲစီစဉ်ပေးတဲ့ ဖရှက် အဲယား ဖက်စတီဗယ်ကုမ္ပဏီအကြီးအကဲတွေက သူတို့နှစ်ဦးကိုကြိုဆိုခဲ့ပါတယ်။

အနီတွေစီးချင်းထိုးမယ့်ပွဲစဉ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်မယ့်ရက်ကို ရွှေ့ဆိုင်းထားပြီး မတ်လမကုန်ခင် ထပ်မံအသိပေးသွားမယ်လို့ဆိုပါတယ်။

အာရှတိုက်မှာ ပထမဆုံးကျင်းပမယ့် အနီစီးချင်းထိုးပွဲ THE MATCH Bangkok Century Cup 2022ပွဲစဉ်ကို ၁၂-၇-၂၀၂၂ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS