20 April 2024

ရုရှားနှင့်ယူကရိန်းတို့အပစ်အခတ်ရပ်စဲရေးဆွေးနွေးမည့်လမ်းကြောင်းပေါ်တွင်ရှိနေသေးကြောင်းထုတ်ဖော်ပြသခဲ့ပြီးနောက် ကမ္ဘာ့ရေနံစိမ်းဈေး ၁၃ ရာခိုင်နှုန်း ထိုးကျ။

ရုရှားနှင့်ယူကရိန်းနိုင်ငံတို့က ငြိမ်းချမ်းရေးဆွေးနွေးလိုသည့်ဆန္ဒရှိကြောင်း ထုတ်ဖော်ခဲ့ပြီး ယူအေအီးနိုင်ငံကလည်း ကမ္ဘာ့စွမ်းအင်ဈေးကွက်ကမောက်ကမဖြစ်မှုအရှိန်လျော့လာရေးအတွက် ရေနံစိမ်းကိုပိုမိုထုတ်လုပ်ပေးမည်ဟု ကတိပြုခဲ့ပြီးနောက် ကမ္ဘာ့ရေနံစိမ်းဈေး ၁၃ရာခိုင်နှုန်း ထိုးကျသွားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ယနေ့ မတ်လ ၁၀ ရက်တွင် ဖော်ပြထားသည်။

ရေနံစိမ်းထုတ်လုပ်မှုကိုအရှိန်မြှင့်တင်သွားမည်ဟု ယူအေအီးနိုင်ငံက ရေနံစိမ်းတင်ပို့သည့်နိုင်ငံများအဖွဲ့ (အိုပက်) ကို ကတိပြုခဲ့ပြီးနောက် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် ၂ နှစ်အတွင် အမြင့်ဆုံးထိုးကျသွားခဲ့သည်။

Brentရေနံစိမ်းဈေးနှုန်းသည် ၁ စည်လျင် ၁၆.၈၄ ဒေါ်လာ သို့မဟုတ် ၁၃.၂ ရာခိုင်နှုန်းထိုးကျသွားပြီး၁ စည်လျင် ၁၁၁.၁၄ ဒေါ်လာဈေးပေါက်ခဲ့သည်။ အဆိုပါ ဈေးနှုန်းထိုးကျမှုသည် ၂၀၂၀ ခုနှစ် ဧပြီလ ၂၁ ရက်နေ့နောက်ပိုင်း ရက်သတ္တပတ်အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့သည်။

WTI ရေနံစိမ်းဈေးနှုန်းသည် ၁ စည်လျင် ၁၅.၄၄ ဒေါ်လာ သို့မဟုတ် ၁၂.၅ ရာခိုင်နှုန်းထိုးကျခဲ့ပြီး ၁ စည်လျင် ၁၀၈.၇ ဒေါ်လာဈေးပေါက်ခဲ့သည်။

တချိန်တည်းတွင် ကမ္ဘာ့ရွှေဈေးသည် ယမန်နေ့က ၁ အောင်ဆလျင် ၂၀၀၀ ဒေါ်လာရောက်ရှိသွားခဲ့ပြီးနောက် ယနေ့တွင် ၃ ရာခိုင်နှုန်းပြန်လည်ကျဆင်းလာကာ ၁ အောင်ဆလျင် ၁၉၉၁.၄၉ ဒေါ်လာဈေးပေါက်ခဲ့သည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS