26 April 2024

,

လက်သုံးချောင်းထောင်ပြီး ဆန္ဒပြခဲ့သည့် မြန်မာလက်ရွေးစင်ဂိုးသမားပြည့်လျှံအောင် ဂျပန်တွင်ရေရှည်နေထိုင်ခွင့်ရ

ဂျပန်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် လက်သုံးချောင်းထောင်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သော မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း

ဂိုးသမား ပြည့်လျှံအောင်သည် ဂျပန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် နေထိုင်ခွင့် ရရှိသွားခဲ့ပြီဖြစ်ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ပြန်လျှင် အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုခံရမည်စိုး၍ ဒုက္ခသည်အဖြစ်နေထိုင်ခွင့်လျှောက်ခဲ့သည့် ပြည့်လျှံအောင်၏

လျှောက်လွှာကို ဂျပန်အစိုးရမှ အတည်ပြုပေးခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့တွင် တရားဝင် အသိအမှတ်ပြုခံရမည်ဟု ဆက်လက်ဖော်ပြထားသည်။

ဂိုးသမားပြည့်လျှံအောင်သည် လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ ဂျေလိဂ် တတိယတန်းအသင်းတစ်သင်းဖြစ်သော ယိုကိုဟားမားအသင်းနှင့်

လေ့ကျင့်လျှက်ရှိသည်ဟု သိရသည်။

SHARE THIS NEWS

OTHER NEWS