27 April 2024

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ခွန်ကန်မြို့တွင် သတို့သမီးက သတို့သားကို ဘတ် ၁၂ သန်းဖြင့်တင်တောင်းပြီး ထိမ်းမြားလက်ထပ်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ ခွန်ကန်မြို့တွင် အသက် ၃၃ နှစ်ရှိ ဘိုင်ပလျူဆိုသူ သတို့သမီးက သက်တူရွယ်သူ နစ်ကီးဆိုသူသတို့သားကို ဘတ် ၁၂ သန်ဖြင့်တင်တောင်းပြီး ယမန်နေ့ (၁၃-၃-၂၀၂၂) မင်္ဂလာအချိန်ဖြစ်သည့် မနက် ၈:၂၉ နာရီအချိန်တွင် ခွန်ကန်မြို့ရှိဟိုတယ်တစ်ခုတွင် ထိမ်းမြားလက်ထပ်ခဲ့သည်ဟု ခေါင်စွတ်သတင်းဌာနကဖော်ပြထားသည်။

 

 

အဆိုပါတင်တောင်းငွေ ၁၂ သန်းတွင် ငွေသား ၂ သန်း၊ စိန်ထည်ငွေထည် ၅ သိန်း၊ ကာလတန်ဖိုး ဘတ် ၅ သိန်းရှိ မြေဂရန် ၁ စောင်၊ ဘတ် ၂.၈ သန်းတန်ဖိုးရှိ BMW Series3 မော်တော်ကား ၁ စင်း၊ ကာလတန်ဖိုး ဘတ် ၇ သန်းရှိအိမ်ခြံမြေ ၁ ကွက် စသည်တို့ပါဝင်သည်ဟု သိရသည်။

အဆိုပါငွေများသည် ၎င်းတို့နှစ်ဦး ၈ နှစ်ကြာတွဲလာခဲ့ကြသည့်ကာလတစ်လျှောက် အတူတူရှာဖွေထားသည့်ငွေများဖြစ်သည်ဟု သတို့သမီး ကဆိုသည်။

 

 

ထိုင်းယဉ်ကျေးမှုအရ အမျိုးသားဘက်ကတင်တောင်းရသည်ဆိုသော်လည်း ၈ နှစ်ကြာလာသည်အထိလာရောက်တင်တောင်းခြင်းမရှိ၍ တင်တောင်းမည့်ရက်ကိုမစောင့်စားနိုင်တော့ခြင်းကြောင့် အမျိုးသမီး ဘက်ကတင်တောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်မိဘများကလည်းသဘောတူညီသည်ဟု သူမ ဆိုသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS