23 April 2024

,

၂၀၂၂ မတ်လ ၁၅ ရက် ည ၁၁ နာရီအချိန်ခန့်က ပရကျွတ်ခရိုင်တွင် တရားမဝင်မြန်မာနိုင်ငံသား ၁၈ ဦးကို မဟာချိုင်သို့ သွားပို့ရန် တင်ဆောင်လာတဲ့ ဟိုင်းလပ်ကားတစ်စီး ကားလမ်းဘောင်ကိုဝင်တိုက်မိပြီး ကားဟန်ချက်ပျက်သွားချိန် အရှိန်ဖြင့်မောင်းနှင် လာတဲ့ အန်စာတုံး ကားမှ ထပ်ဆင့် ဝင်တိုက်ခဲ့တာကြောင့် လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၆ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ် လို့သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့နေရာကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေနှင့် အာဏာပိုင်တွေရောက်သွားချိန်မှာ ပွဲချင်းပြီးသေဆုံးနေတဲ့ သူ ၆ ဦး ( ကျား ၂ ဦး၊ မ ၂ဦး၊ ကလေးငယ် ၁ ဦး) ကိုတွေ့ရှိခဲ့ပြီး ကျန် ၁၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

တရားမဝင်မြန်မာနိုင်ငံသား ၁၈ ဦးကိုတင်ဆောင်လာတဲ့ ယာဉ်မောင်းဟာ ယာဉ်တိုက်မှုဖြစ်ပြီးချိန်မှာပဲ တိမ်းရှောင်သွား နိုင်ခဲ့ပါတယ်။ အသက်ရှင်လျက်ရှိသေးတဲ့ မြန်မာနိုင်ငံသား တစ်ဦးကို မေးမြန်းခဲ့ရာ သူတို့ကထိုင်းနိုင်ငံ မဟာချိုင်မှာ အလုပ်သွားလုပ်ဖို့ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မုဒုံမြို့ က လာခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ အာဏာပိုင်တွေက တနင်္သာရီတိုင်းဖြင့် နယ်နမိတ်ချင်းစပ်နေတဲ့ ထိုင်းဘက်ခြမ်း တောင်တန်း တစ်နေရာမှာ ထိုင်းကို ခိုးဝင်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ကျား ၁၇ ဦးမ ၃ ဦး စုစုပေါင်း ၂၀ ဦး တို့နှင့် ကား ၁ စီး ဆိုင်ကယ် ၁ စီးတို့ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

SHARE THIS NEWS

OTHER NEWS