29 March 2024

ထိုင်းနိုင်ငံနယ်စပ် ကန်ကျနဘူရီခရိုင်နဲ့ပရာကျွတ်ခီရီခရိုင်ဘက်မှာ တရားမဝင်မြန်မာ ၃ ကြိမ်းဖမ်းမိတယ်လို့ ဒေသခံမီဒီယာတွေကဖော်ပြထားပါတယ်။ ဖမ်းမိထားတဲ့ ၃ ကြိမ်ထဲမှာ တရားမဝင်မြန်မာနိုင်ငံသား ၁၀၁ ဦးလို့ ဖော်ပြချက်အရသိရပါတယ်။

 

 

မတ်လ ၁၉-၂၀ ရက်နေ့မှာ ကန်ကျဘူရီခရိုင် ထိုင်းအာဏာပိုင်တွေက တရားမဝင်မြန်မာနိုင်ငံသား ၃၅ ဦးဖမ်းမိတယ်။ ကျား ၂၀ ဦး၊ မ ၁၅ ဦးနဲ့ ကား ၃ စီး၊ယာဥ်မောင်းသူ ၃ ဦးကိုလဲ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

 

 

မတ်လ ၁၉-၂၀ ရက်နေ့ ထိုင်းနိုင်ငံနယ်စပ် ပရာကျွတ်ခီရီခမ်ဘက်မှာလဲ တရားမဝင်မြန်မာနိုင်ငံသား ၆၆ ဦးဖမ်းမိတယ်။ ကျား ၅၃ ဦးနဲ့ မ ၁၃ ဦးလို့ သိရပါတယ်။

 

 

တရားမဝင်မြန်မာနိုင်ငံသား ၁၀၁ မှာ ထိုင်းကိုလာဖို့ ၁ ဦးကို ၁၈,၀၀၀ ကနေ ၂၅,၀၀၀ ဘတ်ကုန်ကျခဲ့ကြတယ်လို့ အာဏာပိုင်တွေမေးမြန်းချိန်မှာ ပြောပါတယ်။ သူတို့ကို ကိုဗစ်၁၉ စစ်ဆေးတော့ ရောဂါလက္ခဏာတွေမတွေ့ရတဲ့အတွက် တရားမဝင် ဝင်ရောက်မှုနဲ့အရေးယူခံရပြီးလျှင် ပြန်ပို့ခြင်းခံရမယ်လို့ သိရပါတယ်။

 

 

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – กองทัพบก Royal Thai Army

SHARE THIS NEWS

OTHER NEWS