Banner AIS Promo Ads 6 Social App

Sport

ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်အသင်းက ဟားငါးကောင်အဖွဲ့ကို ဂုဏ်ပြု

ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်အသင်းက ဟားငါးကောင်အဖွဲ့ကို ဂုဏ်ပြု

အင်္ဂလိပ်ပရီးမီးယားလိဂ်အသင်းဖြစ်သည့် ဘရန့်ဖို့ဒ်အသင်းက နွေဦးတော်လှန်ရေးဝင်ဟားငါးကောင်အဖွဲ့ကို ဂုဏ်ပြု။


အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် Brentford ဘောလုံးအသင်းမှ အသင်းသားတွေလက်မှတ် ရေးထိုး ထားတဲ့ ဘောလုံးဝတ်စုံတစုံကို တော်လှန်ရေးနယ်မြေရောက်ရှိနေတဲ့ လူရွှင်တော် ဟားငါးကောင် အဖွဲ့ထံသို့ အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးပို့လိုက်တယ်လို့ သိရပါတယ်။


ဟားငါးကောင်အဖွဲ့ဟာ နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက်ကရပ်တည်ကာ စစ်အာဏာရှင်ကို ဆန့်ကျင် တိုက်ပွဲဝင်နေတဲ့အတွက် Brentford အသင်းက ဂုဏ်ပြုတာလို့လည်း သိရပါတယ်။

ဟားငါးကောင်အဖွဲ့က “အမှန်တရားဘက်ကသာ ရပ်တည်ရင် မြန်မာပြည်သူတွေကသာမက ကမ္ဘာကြီး ကပါ ပစ်မထားပါဘူးဆိုတာ သက်သေပါပဲ။ ကျနော်တို့ တော်လှန်ရေးအတွက် ပိုပြီး ဆက်လက် ကြိုးစား ပါ့မယ်” လို့ ပြောပါတယ်။



တိုင်းကျော်၊ ပိုးလေး၊ တိုးကျော်၊ ဝိုင်းကျော်၊ ပြည်ကျော်တို့ ပါဝင်တဲ့ ဟားငါးကောင်အဖွဲ့ဟာတော်လှန်ရေး နယ်မြေ တနေရာမှာ စစ်အာဏာရှင်ကို အနုပညာ လက်နက်နဲ့ တော်လှန်နေတဲ့လူရွှင်တော်အဖွဲ့ ဖြစ်ပါ တယ်။

အင်္ဂလန် ပရီးမီးယားလိဂ် အဆင့် ၁၅ မှာ ရပ်တည်နေတဲ့ Brentford ဘောလုံးအသင်းဟာ မြန်မာ့နွေဦး တော်လှန်ရေးကို အားပေးထောက်ခံကြောင်းသူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့တဲ့ ဘောလုံး အသင်းတသင်း ဖြစ်ပါတယ်။

 

ဝမ်းဇီး