Banner AIS Promo Ads  IDD Call00300

Sport

၃၆ နှစ်အတွင်း ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ကနေဒါအသင်း

၃၆ နှစ်အတွင်း ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ကနေဒါအသင်း

ဂျမေကာအသင်းကို ၄ ဂိုးပြတ်အနိုင်ယူပြီးနောက် ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ကနေဒါအသင်း။

 

မြောက်အမေရိကတိုက်ဇုန် (CONCACAF) ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယအဆင့် ပွဲစဉ် ၁၃ အဖြစ် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကနေဒါအသင်းနဲ့ဂျမေကာအသင်းတို့ရဲ့ပွဲစဉ်မှာ အိမ်ရှင်ကနေဒါအသင်းက ၄ ဂိုးပြတ်အသာစီးရယူနိုင်ခဲ့တဲ့နောက် CONCACAF ဇုန် အမှတ်ပေးဇယားထိပ်ဆုံးကိုခုန်တက်လာနိုင်ခဲ့တာသလို အဆင့် ၄ နေရာက ကောစတာရီကာအသင်းကို ၆ မှတ်အထိနောက်ကောက်ချန်ထားနိုင်ခဲ့ပြီဖြစ်လို့ လွတ်လွတ်ကျွတ်ကျွတ် ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။



 

ဒါဟာ အသင်းရဲ့သမိုင်းတလျှောက် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တာဖြစ်သလို ၃၆ နှစ်အတွင်း ပထမအကြိမ်ခြေစစ်ပွဲအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။

 

ကနေဒါအသင်းဟာ မက္ကဆီနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး အဲဒီနှစ်မှာ ရဂိုးမရှိဘဲ အုပ်စုပိတ်ဖြင့် အိမ်ပြန်ခဲ့ရတဲ့အသင်းဖြစ်ပါတယ်။



 

ကျနော်တို့ကမ္ဘာ့ဖလားကစားခွင့်ရသွားပါပြီ ဒါဟာ ဘောလုံးအားကစားအားကောင်းတဲ့နိုင်ငံပါ ကျနော်ဒီကိုစရောက်ကတည်းက ကျနော့်အသင်းကမ္ဘာ့ဖလားသွားခွင့်ရမယ်ဆိုတာကို ယုံကြည့်ခဲ့တာပါ အဲဒီတုန်းကတော့ ဘယ်သူမှယုံမှာမဟုတ်ဘူးထင်တယ် အခုတော့ ဘောလုံးပရိသတ်တွေနဲ့ထပ်တူဝမ်းသာပါတယ် သူတို့တွေ့ရဲ့စောင့်ဆိုင်းမှုအတောသတ်သွားပါပြီ အသင်းအပေါ်မျှော်လင့်ချက်ရှိလာပါပြီ ကျနော်တို့ကမ္ဘာ့ဖလားသွားနိုင်ပြီ ကျနော်တို့အပေါ်မှာယုံကြည်မှုကင်းခဲ့တဲ့ပရိသတ်တွေဟာ ယုံကြည်မှုရှိလာပါပြီ ဒီအချိန်ဟာအားလုံးကအသင်းကိုအားပေးရမယ့်အချိန် စည်းလုံးရမယ့်အချိန်ပါ ကျနော်တို့အသင်းဟာ ထိပ်တန်းအသင်းဖြစ်နိုင်စွမ်းရှိတဲ့အသင်းဖြစ်လို့ပါလို့ အသင်းနည်းပြချုပ် ဂျွန် ဟတ်မင် ကဆိုပါတယ်။  

 

ဝမ်းဇီး