Banner AIS Promo Ads 6 Social App

Sport

ရုရှားအသင်း အာရှဇုန်တွင်ပြောင်းရွှေ့ယှဉ်ပြိုင်ဖို့ သတင်းထွက်

ရုရှားအသင်း အာရှဇုန်တွင်ပြောင်းရွှေ့ယှဉ်ပြိုင်ဖို့ သတင်းထွက်

ရုရှားလက်ရွှေးစင်အသင်းနဲ့ကလပ်အသင်းတွေ အာရှဇုန်ပြောင်းရွှေ့ကစားမယ်လို့ သတင်းထွက်။

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) တို့က ပိတ်ပင်ခံထားရတဲ့ ရုရှားအသင်းဟာ အဆိုပါ ဘောလုံးအဖွဲ့ချုပ်နှစ်ခုကနေ နုတ်ထွက်ပြီး အာရှဘောလုံးအဖွဲ့ချုပ် (AFC) အဖွဲ့ဝင်လျှောက်ထားဖို့ပြင်ဆင်နေတယ်လို့ နိုင်ငံခြားသတင်းတွေကဖော်ပြထားပါတယ်။

 

ယူကရိန်းကိုကျူးကျော်စစ်ဆင်လိုက်တဲ့နောက် ဖီဖာနဲ့ယူအီးအက်ဖ်အေတို့က ရုရှားလက်ရွှေးစင်အသင်းကိုရော ကလပ်အသင်းတွေကိုပါ ပိတ်ပင်လိုက်တဲ့အတွက် အာရှဇုန်ကိုအလုံးစုံပြောင်းရွှေ့ကစားဖို့ ပြင် ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။

 

ယခင်ကလည်း ဩစတြေးလျအသင်းက လက်ရွှေးစင်အသင်းနဲ့ကလပ်အသင်းတို့ကို သမုဒ္ဒရာဇုန်ကနေ အာရှဇုန်ကိုပြောင်းရွှေ့ကစားခဲ့သလို အစ္စရေးအသင်းနဲ့ကာဇစ္စတန်အသင်းတို့ကလည်း အာရှဇုန်ကနေဉရောပဇုန်ကိုပြောင်းရွှေ့ကစားခဲ့ကြပါတယ်။

 

ဝမ်းဇီး