Banner AIS Promo Ads  IDD Call00300

Sport

၂၀၂၂ ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားသည့်အသင်းပေါင်း ၂၉ သင်းရှိလာ

၂၀၂၂ ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားသည့်အသင်းပေါင်း ၂၉ သင်းရှိလာ

ယခုနှစ်ကုန်ပိုင်းတွင် ကာတာနိုင်ငံတွင်ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် ခြေစစ်ပွဲအောင်မြင်ထားသည့်အသင်းပေါင်း ၂၉ သင်းရှိလာ။

 

နိုဝင်ဘာလထဲ ကာတာနိုင်ငံမှာ စတင်ကျင်းပသွားတော့မယ့် ၂၀၂၂ခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပါဝင်ဆင်နွဲကြမယ့် နိုင်ငံလက်ရွေးစင်အသင်း (၂၉)သင်းအထိကို ထွက်ပေါ်နေပြီဖြစ်လို့ လက်ကျန်(၃) နေရာအတွက်ကိုပဲ ဆက်လက်စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။

အာရှဇုန်ခြေစစ်ပွဲ အုပ်စု(၂)ခုမှာ အုပ်စုတတိယနေရာကို ရယူထားနိုင်ခဲ့တဲ့ ယူအေအီးနဲ့ သြစတြေးလျတို့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရမယ့်အသင်းက တောင်အမေရိကဇုန်မှာ အဆင့်(၅)နေရာကို ရရှိ
ခဲ့တဲ့ ပီရူးအသင်းနဲ့ ထပ်မံယှဉ်ပြိုင်ပြီး အနိုင်ရတဲ့ အသင်းက ကမ္ဘာ့ဖလားဝင်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။




ကွန်ကာကပ်ဖ်ဇုန်မှာ အဆင့်(၄)နေရာကို ပိုင်ဆိုင်ခဲ့တဲ့ ကော်စတာရီကာအသင်းကတော့ သမုဒ္ဒရာပိုင်း
ဇုန်မှာ ပြိုင်ဘက်ကင်းလို့နေတဲ့ နယူးဇီလန်နဲ့ ထိပ်တိုက်တွေ့ရမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်းက ကမ္ဘာ့ ဖလားဝင်ခွင့်ကိုရရှိပါမှာ ဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ပွဲရွေ့ဆိုင်းထားခဲ့ရတဲ့ စကော့တလန်နဲ့ ယူကရိန်းတို့ရဲ့ ပလေးအော့ ဆီမီးဖိုင်နယ်ပွဲ ပြန်လည်ကျင်းပလို့ ဒီပွဲမှာ အနိုင်ရလာမယ့် အသင်းက ပလေးအော့ နောက်ဆုံးအဆင့်မှာ စောင့်ဆိုင်းနေတဲ့ ဝေးလ်စ်အသင်းနဲ့ ထပ်မံရင်ဆိုင်ပြီး နိုင်ပွဲရမယ့် အသင်းက ကာတာမှာ ကမ္ဘာ့ဖလား
ပြိုင်ပွဲကြီးကို ဆင်နွဲခွင့်ရမှာဖြစ်လို့ လက်ကျန်(၃)နေရာကို ဘယ်အသင်းတွေ ရယူသွားနိုင်မလဲဆိုတာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းနေတာလည်း ဖြစ်ပါတယ်။

 

ဝမ်းဇီး