29 March 2024

ကိုဗစ်ကြောင့် ၂ နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ ထိုင်း-မလေးရှား နယ်စပ်ဂိတ်ကို ဒီကနေ့ ၂၀၂၂ ဧပြီလ ၁ ရက်နေ့ မှာ ကိုဗစ်စည်းကမ်းချက် အသစ်များ ပြန်လည်ရေးဆွဲကာ ဖွင့်လှစ်လိုက်ပါတယ်။ ဒါပေမယ့်လည်း နှစ်နိုင်ငံကူးသန်း သွားလာဖို့ အရင်ကထက် ကုန်ကျစရိတ် များပြား တာကြောင့် လုပ်ငန်းရှင်အများစုက စိုးရိမ်နေကြပါတယ်။

နယ်စပ်ဂိတ်တွေမဖွင့်ခင် ထိုင်းနိုင်ငံသို့ဝင်ရောက်ဖို့ Thailand Pass မှာ စာရင်းတင်ထားတဲ့ မလေးရှားနိုင်ငံသား ၁၀၇ ဦးရှိခဲ့တဲ့ အနက် ယနေ့မှာတော့ ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သူ ၂၀ ဦးခန့်သာရှိခဲ့တယ်လို့သိရပါတယ်။

ဒေသခံတွေကတော့ ထိုင်း-မလေး နယ်စပ်ဂိတ်ဖွင့်လိုက်ပြီးနောက် အခုလို ထိုင်းကိုဝင်ရောက်နှုန်း နည်းတာဟာ ကုန်ကျစရိတ်များပြားတာကြောင့် ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ ထိုင်း-မလေး နယ်စပ်ဂိတ်ကနေတစ်ဆင့် ထိုင်းကို ဝင်ရောက်မယ်ဆိုရင် ပျှမ်းမျှ ဘတ် ၆,၀၀၀ မှ ဘတ် ၈,၀၀၀ ထိကုန်ကျစရိတ်ရှိနေတယ် လို့လည်းသိရပါတယ်။

ဒီကနေ့ ထိုင်း-မလေး နယ်စပ်ဂိတ်က တရားဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာ တဲ့ မြင်ကွင်းမှာ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဝင်ရောက်လာသူများကို Thailand Pass တွင် အရင်စာရင်းတင်ခိုင်းပြီး ကျန်းမာရေးအာမခံ ဝယ်ယူစေကာ RT-PCR စစ်ဆေးပြီးမှ ထိုင်းနိုင်ငံအတွင်း ဝင်ခွင့်ပေးတာကို တွေ့ရပါတယ်။

တရားဝင်နယ်စပ်ဖြတ်ကျော်ခွင့်ပေးလိုက်ပြီဆိုပေမယ့် ထိုင်း – မလေးရှား နယ်စပ်မှာတော့ ဆိုင်ခန်းပေါင်း ၇၀ ရာခိုင်နှုန်းကျော်ဟာ ပိတ်ထားဆဲပါ။

ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်မယ့် မလေးရှားနိုင်ငံသားတွေဟာ Passport ကိုသာအသုံးပြုရမှာဖြစ်ပြီး Border Pass အသုံးမပြုနိုင်ပါ။ ဆက်လက်ပြီး နယ်စပ်မဖြတ်ကျော်မီ ၄၈ နာရီအတွင်း ကိုဗစ်စစ်ဆေးပြီးကြောင်း ထောက်ခံစာရှိထားရမှာဖြစ်တယ်လို့သိရပါတယ်။

ขอบคุณภาพจาก – Thaipbs

SHARE THIS NEWS

OTHER NEWS