19 April 2024

ဧပြီလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာ ထိုင်းကိုဝင်ရောက်ဖို့ ကြိုးစားနေတဲ့ တရားမဝင်မြန်မာလုပ်သားတွေကို ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခမ်ခရိုင်နဲ့ ကန်ကျနဘူရီခရိုင်မှာ ၄ ကြိမ်ဖမ်းမိထားတယ်လို့ Royal Thai Army ကထုတ်ပြန်ထားပါတယ်။

 

 

ဧပြီလ ၁ ရက်နေ့ ၁ နာရီခွဲအချိန်မှာ ၇၃ ဦးဖမ်းမိတယ်။ သူတို့ကို ပရာကျွတ်ခီရီခမ်မြို့နယ် ပရာကျွတ်ခီရီခမ်ခရိုင်မှာ ဖမ်းမိတာဖြစ်တယ်လို့ ဖော်ပြချက်အရ သိရပါတယ်။

 

 

ကန်ကျနဘူရီခရိုင်မှာတော့ ၃ ကြိမ်ဖမ်းမိတယ်။ ဧပြီလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာဖြစ်ပါတယ်။ မြန်မာလုပ်သား ၈၆ ဦးဖမ်းဆီးခြင်းခံရတာဖြစ်ပြီး၊ အမျိုးသား ၅၃ ဦးနဲ့ အမျိုးသမီး ၃၃ ဦးဖြစ်ကြောင်း သိရပါတယ်။

 

 

မြန်မာလုပ်သား ၁၅၉ ဦးမှာ ထိုင်းကိုဝင်ရောက်ဖို့ တစ်ဦးကို ၂၀,၀၀၀ ကနေ ၂၅,၀၀၀ ဘတ် ပွဲစားကိုပေးခဲ့ရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ပဲခူး၊ ထားဝယ်၊ မန်းလေး၊ ရန်ကုန်၊ မကွေးနဲ့ ရခိုင်ကနေလာကြတာပါ။ ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်စခွန်နှင့် ဖန်ငခရိုင်များမှာ အလုပ်လုပ်ဖို့ဝင်ရောက်လာရာကနေ ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးခြင်းခံလိုက်ရတာကြောင့် ဥပဒေအတိုင်း အရေးယူခြင်းခံရပြီနောက် ပြည်နှင်ဒါဏ်ပေးခြင်းခံရမယ်လို့ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS