23 April 2024

,

တီမော လက်စတေအသင်းကို ၁၀-၃ ဂိုးဖြင့်အနိုင်ယူပြီး မြန်မာဖူဆယ်အသင်း အုပ်စုဗိုလ်ဖြင့် ဆီးမီးဖိုင်နယ်တက်လှမ်း။

ယမန်နေ့မွန်းလွဲပိုင်းက အုပ်စု (ဘီ) နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မြန်မာအသင်းနဲ့တီမော လက်စတေအသင်းတို့ရဲ့ပွဲစဉ်မှာ မြန်မာအသင်းက ၁၀-၃ ဂိုးဖြင့်အသာစီးရယူနိုင်ခဲ့ပြီး အုပ်စုဗိုလ်နဲ့ဆီမီးဖိုင်နယ်အဆင့်ကို တမ်လှမ်းနိုင်ခဲ့ပါတယ်။

မြန်မာအသင်းဟာ ၃ ပွဲကစားပြီးတဲ့နောက်မှာ ၁ ပွဲသရေ၊ ၂ ပွဲနိုင်၊ ရဂိုး ၁၇ ဂိုး၊ ပေးဂိုး ၅ ဂိုး၊ ဂိုးကွာခြားချက် ၁၂ ဂိုးစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် အုပ်စုဒုတိယအသင်းဖြစ်တဲ့ဗီယက်နမ်အသင်းကို ၂ ဂိုးအထိနောက်ကောက်ချန်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်ကိုတော့ အင်ဒိုနီးရှားအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဧပြီလ ၈ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

မြန်မာဖူဆယ်အသင်းရဲ့အဓိကရည်မှန်းချက်ကတော့ အာရှဖလားပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရဖို့ဖြစ်တယ်လို့ ထိုင်းနည်းပြ ဘွန်လက် ကဆိုပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS