23 April 2024

,

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်သူ ပါဝင်ကစားနေတဲ့ ဘူရီရမ်ယူနိုက်အသင်း ၇ ကြိမ်မြောက် ထိုင်းလိဂ်ချန်ပီယံ ဆွတ်ခူး။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က နောင်းဘွာအသင်းကိုအဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ဘူရီရမ်အသင်းက ၃ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ရာသီမပြီးဆုံးမီ ၁ ပွဲအလိုမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယင်းပြိုင်ပွဲမှာပါဝင်ကစားခွင့်ရခဲ့တဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်သူဟာ ထိုင်းလိဂ်ချိန်ပီဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးမြန်မာကစားသမားဖြစ်လာခဲ့ပါတယ်။

ဘူရီရမ်အသင်းအနေနဲ့ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၂၁ ဘောလုံးရာသီတွေမှာ အသီးသီးချိန်ပီယံဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

ဘူရီရမ်အသင်းအနေနဲ့ ဒီရာသီမှာ ဖလား ၂ လုံးထပ်မံရရှိမယ့်လမ်းကြောင်းပေါ်မှာ ရပ်တည်နေပြီး လာမယ့် မေလ ၄ ရက်နေ့မှာ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို ရတ်ချဘူရီအသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS