26 April 2024

,

သူဌေးလူငယ်တစ်ယောက်က သူ့လက်အောက်ငယ်သားတွေကို ပထမဆုပေါက် လျှင်ဘတ် ၁သိန်းပေးမယ်လို့ ကတိပေးပြီး နောက်ဆုံးဆုကြီးကြီး မရခဲ့ရင်တောင် ထီစောင် ၈၈ ရွက်တွင် နောက်ဆုံး နံပါတ် ၂လုံး ဆက်တိုက်ပေါက်ပြီး ဝန်ထမ်းတစ် ဦးလျှင် ဘတ် ၁၀၀၀ စီ ပေးခဲ့ပါတယ်။

ဧပြီလ ၁၆ရက်နေ့ ၂၀၂၂ ခုနှစ်တွင် သတင်းထောက်များက သတင်းပေးပို့ခဲ့ပါတယ်။ထီထွက်ပြီးနောက် အစိုးရထီရလဒ်ကိုကြေညာခဲ့ပါတယ်။ ထိုင်းထီ ပထမဆု နံပါတ် မှာ 395919 ဖြစ်ပြီး နောက်ဆုံးဂဏန်း ၂လုံးနံပါတ်မှာ 58 ဖြစ်ပါတယ်။

မကြာသေးမီက ဖေ့ဘုတ်ခ်ပေါ်တွင် Thirakhun Kengthanyakamt အကောင့်ပိုင်ရှိင်သူဌေး က ဆိုင်ဝန်ထမ်း တွေကို ဘတ်ငွေ ၁၀၀၀ စီ ပေးဝေတဲ့ပုံနဲ့အတူ ပို့စ်တစ်ခုကိုတင်ခဲ့ပါတယ်။

ပို့စ်ပိုင်ရှင် ထိုင်းသူဌေးလူငယ်တစ်ဦးက အွန်လိုင်းပေါ်တွင် ဝယ်ယူခဲ့သော ထီပုံများကို တင်ခဲ့ပါတယ်။ နောက်ဆုံးနံပါတ် 58  ကို ၈၈စောင် ဝယ်ယူခဲ့ပြီး ပထမဆုမရရှိခဲ့ တာတောင် ကံကောင်းနေတုန်းပါပဲ့။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံး ဂဏန်း ၂လုံးအား ထီပေါက်ရှိသွားခဲ့ပြီး ဆုငွေဘတ် ၁၇၆,၀၀၀ ကိုရရှိ သွားခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS