19 April 2024

,

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကျန်အိုချာ အပါဝင် ထိုင်းဝန်ကြီးများအစည်းဝေးမှာ ထိုင်းနိုင်ငံတွင်းရှိ “အနီရင့်ရောင်”သတ်မှတ်ထားတဲ့ ခရိုင်တွေကို သြဂုတ်လ ၃၁ ရက်နေ့အထိလော့ခ်ဒေါင်းဆက်ချဖို့ သဘောတူခဲ့ကြပါတယ်။လော့ခ်ဒေါင်းကာလကို ထပ်မံတိုးထားပေမယ့် ပြန်လည်ဖွင့်ခွင့်ရတဲ့လုပ်ငန်းတချို့နဲ့လုပ်ငန်းတချို့ကိုလဲဖြေလျှော့ခွင့်ပေးထားပါတယ်။ ည ၉ နာရီကနေ့ နံနက် ၄ နာရီအထိ အပြင်သွားလာခြင်းကိုဆက်လက်ရှိနေဦီးမှာပါ။

လူ ၅ ဦီးထက်ပို၍ ကမ်ပိန်းမပြုလုပ်ခြင်း၊ စားသောက်ဆိုင်များ ည ၈ နာရီပိတ်ပေးရမည် ဆိုင်တွင်းထိုင်သုံးဆောင်ခွင့်မရှိသေးပါ။ အရက်နဲ့ဘီယာများရောင်းချခြင်းမရှိဘဲ ပါရှယ်ထုပ်သာရောင်းချရမည်။ ကုန်တိုက်များ ဖွင့်နိုင်သည်။ ကုန်တိုက်တွင်း စူပါမားကက်များ၊ အစားအသောက်ရောင်းချဆိုင်ခန်းများ၊ ဆေးဆိုင်များဖွင့်နိုင်ပါသည်။ ည ၈ နာရီတွင်ပိတ်ပေးရမည်။ အလှပြင်ဆိုင်များပိတ်ထားရမည်။ ပါတီပွဲများ၊ လူစုလူဝေးဖြစ်စေတဲ့ သင်တန်များမပြုလုပ်ရ၊ လေ့ကျင့်ခန်းပြုလုပ်တဲ့နေရာတွေလဲ ဆက်လက်ပိတ်ထားပေးရပါမည်။

“အနီရောင်”အဆင့်ခရိုင်အနေနဲ့လဲ ခရိုင်ဝင်-ထွက််စစ်ဆေးဂိတ်များချထားခြင်း၊ လူ ၂၀ ဦီးထက်မကျော်သော ကမ်ပိန်းများပြုလုပ်ခွင့်ရှိခြင်း၊ စားသောက်ဆိုင်များ ည ၁၁ နာရီအထိရောင်းချခွင့်ရှိခြင်း၊ အရက်နဲ့ဘီယာဆိုင်တွင်းရောင်းချခွင့်မပြုပါ။ ကုန်တိုက်များပုံမှန်ဖွင့်နိုင်သည်။ ကမ်ပိန်းတွေ ထပ်တိုးလုပ်ဆောင်ခြင်းမပြုလုပ်ရပါ။ အလှပြင်ဆိုင်များ၊ သင်တန်းပို့ချသည့်နေရာများ၊ လေ့ကျင့်ခန်းပြုလုပ်နိုင်သည့်နေရာများ ဖွင့်နိုင်ပါသည်။ ခရိုင်မှချမှတ်ထားသည့် စည်းမျှဥ်းစည်းကမ်းအတိုင်းလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး၊ ည ၉ နာရီထက် မကျော်လွန်စေရ။

“လိမ္မော်ရောင်”အဆင့်ခရိုင်များ ပုံမှန်သွားလာနိုင်သည်။ ကမ်ပိန်း ၅၀ ဦီးထက်မကျော်စေရ၊ ဆိုင်တွင်းထိုင်သုံးဆောင်နိုင်သည်။ အရက်နဲ့ဘီယာမရောင်းရပါ။ ကုန်တိုက်များဖွင့်နိုင်သည်။ ဂိမ်းဆိုင်များ ပိတ်ထားပေးရမည်။

အနီရင့်ရောင်ခရိုင်များကိုတော့ ထိုင်းအစိုးရက ဘဏ်ဌာနတွေကို ဖွင့်ခွင့်ပေးထားလိုက်ပြီဖြစ်ပါတယ်။ ပုဂ္ဂလိကရုံးဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ၊ Work Form Home သာအလုပ်လုပ်ရမည်။ အကယ်၍ ရုံးတက်လိုပါက antigen test နဲ့ကိုဗစ်စစ်ဆေးထားရမည်။ ဝန်ထမ်းနဲ့အလုပ်သမားအတွက် ကိုဗစ်ဖြစ်လာပါက ကုမ္ပဏီတွင်၊ ရုံးတွင်၊ လုပ်ငန်းနေရာတွင်၊ စောင့်ကြည့်ရေးစင်တာစီစဥ်ထားရမည်။ ဟုသိရပါသည်။

ကိုချစ် ဇွဲကပင် မြေ #เที่ยงวันทันเหตุการณ์  #ဓါတ်ပုံ_Thai PBS #Thai/Post

SHARE THIS NEWS

OTHER NEWS