26 April 2024

,

■အင်္ဂလန်အသင်းကို အသဲခွဲခဲ့တဲ့ အီတလီအသင်းရဲ့ ဂိုးသမား ဒွန်နာရမ်မာဟာ သူ့ရဲ့ ဘယ်လက်ဖျံမှာ ယူရိုဖလားပုံကို တက်တူးထိုးခဲ့ပါတယ်။ ဘဝတစ်သက်တာအမှတ်ရစေမယ့် အောင်ပွဲကိုဖော်ကျူးတဲ့ အနေနဲ့ ဒွန်နာရမ်မာဟာ ယူရိုဖလားပုံကို တက်တူးထိုးဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။
အင်္ဂလန်အသင်းရဲ့ ဆာကာနဲ့ ဆန်ချိုတို့ရဲ့ ပင်နယ်တီတွေကို ဆက်တိုက်ကာကွယ်နိုင်ခဲ့တဲ့အတွက် အီတလီအသင်းကို ယူရိုဖလားချန်ပီယံဖြစ်စေခဲ့တဲ့ ဒွန်နာရမ်မာဟာ သူ့ရဲ့ ဘယ်ဘက်လက်ဖျံက ယူရိုဖလားပုံတက်တူးပုံကို ဖော်လိုဝါ ၃သန်းကျော်ရှိတဲ့ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါတယ်။
ဒွန်နာရမ်မာဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့သူဖြစ်ပြီးတော့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ ဂိုးသမား ဖြစ်ခဲ့ပါတယ်။
သူ့ရဲ့ အံ့မခန်းစွမ်းဆောင်မှုတွေကို အီတလီအသင်းခေါင်းဆောင်ချီလီနီက အီတလီ ဝါရင့်ဂိုးသမားကြီး ဘတ်ဖွန်နဲ့ ယှဉ်ပြီးချီးကျူးသွားခဲ့ပါ တယ်။
ချီလီနီက “ကျနော်အရမ်းကံကောင်းပါတယ်။ဘာလို့လဲဆိုတော့ အီတလီအသင်းမှာ အရင်က ဘတ်ဖွန်နဲ့ တွဲပြီးကစားရတယ်။ အခု ဒွန်နာရမ်မာနဲ့တွဲကစားရတယ် ဒါဟာ အတူတူပဲဖြစ်ပါတယ်” လို့ ချီးကျူးခဲ့ တာဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS