29 March 2024

ဇွန် ၁၃ ရက်၊ ၂၀၂၂

ပြည်သူများရဲ့နေအိမ်တွေ အဖျက်စီးခံနေရတဲ့အပြင် နေ့စဥ်မီးရှို့ခံရလို့ ပျက်ဆီးသွားတဲ့အိမ်တွေ တစ်ရက်ကို ရာချီလောက်ရှိတယ်လို့ နိုင်ငံရေးလှုပ်ရှားသူတွေကပြောပါတယ်။

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ယူးဝရွာနှင့် တပ်ကုန်းရွာတို့ကို ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ထိုနောက် ယူးဝရွာရှိ ပြည်သူပိုင် နေအိမ် ၄ဝဝ လုံး နှင့် တပ်ကုန်းရွာရှိ ပြည်သူပိုင် နေအိမ် ၂ဝဝ လုံးတို့ကို ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်းလဲ သိရပါတယ်။

ရွာတွေဖျက်စိးခံနေရတဲ့အတွက် ဒေသခံ ၂ ထောင်ကျော်လောက်မှာ ရွာထဲမှာမနေရဲကြတော့လို့ ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး ကျေးရွာအတွင်းရှိ ပျက်ဆီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးပါ။

ခင်ဦးမြို့နယ်မှာရှိတဲ့ ကြို့ကန်ရွာကိုလဲ စစ်တပ်က ဇွန်လ ၁၁ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ် ၃၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် ၂ လုံးမီးလောင်ကျွမ်းခဲ့ပြီး၊ အဲဒီနောက် စစ်တပ်က ရွာထဲသို့ ရောက်ရှိလာလို့ ပြည်သူပိုင်နေအိမ် ၃၅ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ပေါင်း ၃၇ လုံးပျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Cj

Ref: Khit Thit Media

SHARE THIS NEWS

OTHER NEWS