25 April 2024

ဇွန် ၁၇ ရက်၊ ၂၀၂၂

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးတဲ့အပြင် ကုန်ဈေးနှုန်းတွေလဲမြှင့်တက်နေတဲ့အတွက် မြန်မာလူငယ်တွေဟာ တိုင်းတစ်ပါးမှာအလုပ်ရဖို့ကြိုးစားနေကြပါတယ်။ မြန်မာနိုင်ငံနဲ့နီးတဲ့ အိမ်နီးချင်းနိုင်ငံတွေများစွာရှိပေမယ့်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံသားတွေအတွက်အလုပ်လုပ်ဖို့ အကောင်းဆုံးအရွေးချယ်ခံရတဲ့နိုင်ငံလဲဖြစ်ပါတယ်။

MOU နဲ့လုပ်ပြီး ထိုင်းကိုဝင်ရောက်ချင်ပေမယ့်၊ မြို့ပေါ်မှာပင်အလိမ်ခံရသူတွေရှိနေတဲ့အတွက် တဆင့်စကားတဆင့်ကြားပြီး မလုပ်ရဲကြတော့တဲ့အနေအထားကိုရောက်နေကြတာပါ။ MoU လုပ်ရင် အချိန်တွေကြာမြှင့်စွာစောင့်ရတဲ့အပြင် ဈေးနှုန်းတွေဟာလည်း အစိုးရသတ်မှတ်ထားတာထက် နှစ်ဆပိုပေးနေရတာရှိတယ်လို့ ထိုင်းဝင်လာတဲ့ MoU လုပ်သားတွေထံကသိရပါတယ်။

ထိုကြောင့် မြန်မာနိုင်ငံသားတွေဟာ ထိုင်းမှာအလုပ်ရဖို့အလွယ်နည်းဖြစ်တဲ့ ဖြစ်ရင်ခံ မဖြစ်ရင်စံဆိုတဲ့ ကံတရားကိုအားကိုးပြီး ထိုင်းကိုအလွယ်လေးဝင်လို့တဲ့ တရားမဝင်လမ်းကနေ အဖမ်းအဆီများနေတဲ့ကြားက ဝင်ရောက်ဖို့ရွေးချယ်နေကြတာဖြစ်ပါတယ်။

ထိုင်းမှာအလုပ်ရဖို့ တရားမဝင်လာတဲ့မြန်မာနိုင်ငံသားတွေ အဆင်ပြေပြေ ထိုင်းမှာအလုပ်ရဖို့နဲ့ အဆင်မပြေတဲ့အရေအတွက်ကပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံအတွင်းမှာလဲ တရားမဝင်အလုပ်သမားတွေနေထိုင်လုပ်ကိုင်လို့မရအောင် နယ်မြေအလိုက်ကိုရှောင်တခင်ဝင်ရောက်ဖမ်းဆီးနေကြပါတယ်။

ထိုင်းလာတဲ့လမ်းမှာလဲ လူပို့ပွဲစားတွေက လူကိုယ်တိုင်မပို့ဘဲ တဆင့်ကနေတဆင့် လွဲ လွဲပြီးပို့နေကြတဲ့အပြင် ဟိုကြားထိုး ဒီကြားနေ ကုန်ကြား၊ ပြောင်ဖူးကြား၊ ဂေါ်ဖီထုပ်ကြားတွေမှာထားပြီး လိုက်လာခိုင်းတာတွေလဲရှိပါတယ်။

လွန်ခဲ့လတုန်းကလဲ ပြောင်းဖူးကြားမှာထားပြီး အသက်ရှူမဝလို့ သေသွားတဲ့ မြန်မာအမျိုးသမီး နှစ်ယောက်ကိုထိုင်းကားသမားက တောထဲသွားရောက်စွန့်ပစ်ထားခဲ့ပါတယ်။ တာဝန်ယူမှုမရှိတဲ့ကားသမားကိုတော့ ဖမ်းလိုက်ပြီဖြစ်ပါတယ်။

.

ဆုန်ခရာခရိုင်မှာလဲ ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုအပေါ် တရားမဝင်မြန်မာတွေကိုသံသယဖြစ်နေတာကြောင့် လူရာနဲ့ချီအဖမ်းခံရပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။ မည်သည့်နည်းတွေနဲ့စစ်ဆေးတာလဲဆိုတာမသိရသေးပါ။

ဇွန်လ ၁၀ ရက်နေ့မှာလဲ တရားမဝင်မြန်မာတွေကို တင်လာတဲ့ကားမှာ အစစ်ဆေးမခံဘဲမောင်းပြေးလို့ အနောက်ကနေထိုင်းအာဏာပိုင်တွေလိုက်လံပစ်ခတ်မှုကြောင့် ကားပေါ်မှာပါလာတဲ့ မြန်မာ ၆ ဦးမှာ ၄ ယောက်ကဒဏ်ရာရသွားပါတယ်။ တာ့ခ်ခရိုင်မှာဖြစ်ပွားခဲ့တာပါ။

မြန်မာ-ထိုင်းနယ်စပ်ဖွင့်လှစ်ပေးရေးကိစ္စကိုလဲ လူအမေးများတဲ့မေခွန်းပါ။ ဒါပေမဲ့လက်ရှိအချိန်ထိ ဖွင့်ပေးမယ့်ရက်ကို ဘယ်သူမှအတည်ပြုပြောဆိုနိုင်ခြင်းမရှိသေးပါ။ ထိုင်းနယ်စပ်တာဝန်ခံတွေက ဖွင့်ပေးဖို့ညှိနှိုင်းမှုတွေပြုလုပ်ပေမယ့် မြန်မာဘက်က အထက်ကအမိန့်ကိုစောင့်နေရတယ်လို့ပြောလာပါတယ်။

ဒါကြောင့် လက်ရှိအချိန်ထိ နယ်စပ်ဂိတ်များဖွင့်လှစ်နိုင်ခြင်းမရှိသေးသလို ထိုင်းမှာအလုပ်ရဖို့ တရားဝင်လာသူထက် တရားမဝင် ဝင်ရောက်တဲ့အလုပ်သမားတွေက ပိုများနေပါတယ်။ ထိုင်းမှာလဲအထောက်အထားပြဿနာတွေနဲ့ မပြီးမစီးဆောင်ရွက်နေရတာလည်း ရှိပါတယ်။

ကိုချစ် (ဇွဲကပင်မြေ) ဆောင်းပါး

SHARE THIS NEWS

OTHER NEWS