26 April 2024

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းစစ်ကူဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာများသို့ ပစ်ခတ်ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်သူဉီးရေတိုးလာဟု ကေအဲန်ယူ ဗဟို ထုတ်ပြန်။

ဇူလိုင်လ(၂)ရက်နေ့မှစ၍ ကေအဲန်ယူ-မုန်းမြို့နယ်၏စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်း(၅)ခုကို တပ်မဟာ(၃) ကရင်အမျိုးသားလွတ်မြောက်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းယူမှုနှင့်ပတ်သက်၍ စခန်းသိမ်းတိုက်ပွဲနှင့် နီးသည့်ကျေးရွာများ သည် ဘေးလွတ်ရာသိုထွက်ပြေးတိမ်းရှောင်လျက်ရှိသည်ဟု ဖော်ပြထားသည်။

တဆက်တည်းတွင် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်မှ သိမ်းယူထားသည် တပ်စခန်းများကို ပြန်လည် ရယူရန်အတွက် လေကြောင်းစစ်ကူဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများ အတွင်းသို့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ကြောက်လန့်လျက်ရှိပြီး ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်နေ ကြရသည်ဟု ဆက်လက်ဖော်ပြထားသည်။

တချိန်တည်းတွင် ဇူလိုင်လ(၃)ရက်နေ့မှစ၍ ရရှိထားသည့်စာရင်းများအရ ထွက်ပြေးတိမ်းရှောင် နေကြသော လူဉီးရေမှာ ကျေးရွာပေါင်း(၂၆)ရွာမှ လူဉီးရေ စုစုပေါင်း(၃၉၄၂၈)ဉီးထိရှိလာခဲ့သည်ဟု ရေးသားထားသည်။

အလားတူး ဇူလိုင်လ(၃)ရက်နေ့ မနက်ပိုင်း မှစ၍ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ခမရ(၅၉၀) ရေအိုးစဉ် တပ်စခန်းမှ လက်နက်ကြီးများဖြင့် (၉)လုံးထက်မနဲ ပစ်ခတ်ခဲ့ပြီး ကော့ပြင်းကျေးရွာနှင့် အနီးတစ်ဝိုက် နေရာများတွင် ကျရောက်ခဲ့သည်ဟု ဖော်ပြထားသည်။

အလားတူပင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ သစ်ချဆိပ်စခန်းမှ လက်နက်ကြီးများဖြင့် (၁၀)လုံးထက်မနည်း ပစ်ခတ်ခဲ့မှုကြောင် ကြောင်ပြာကျေးရွာနှင့်အခြား ပနာဝါးပလော ကျေးရွာ၊ နိုခိုထီးကျေးရွာ တို့တွင်ကျရောက်ပြီး ဒေသခံပြည်သူများ ဆက်လက်တိမ်းရှောင်နေကြရပြီး မိမိတို့ နေထိုင်ရာကျေးရွာသို့ မပြန်ရဲ တော့ချေဟု ရေးသားထားသည်။

 

 

ထို့ပြင် ဇူလိုင်လ(၃)ရက်မနက်ပိုင်း အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏တပ်များမှ အောင်းလောင်းစိန်ရွားသား(၂)ဉီးဖြစ်သည့် စောစေးနေသာ အသက်(၂၀)နှင့် စောစလစ် အသက်(၄၅) နှစ်ဉီးကို ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်းလည်းသိရှိရသည်ဟု ဆက်လက်ရေးသားထားသည်။

တစ်ဖက်တွင်လည်း တပ်အင်အားတိုးချဲ့လာမှု ၊ လေယာဉ်ဖြင့်လာရောက် ထောက်လှမ်းနေမှု နှင့် လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ရမ်းသန်းပစ်ခတ်နေခြင်းကြောင့်ဒေသခံပြည်သူတို့ သည် မိမိတို့၏အိုးအိမ်နေရပ်များကို စွန့်ကာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဖော်ပြထား သည်။

 

 

ထို့နောက် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်သူများ လက်ရှိတွင် ကျန်းမာရေးပြဿနာ၊ စားဝတ်နေရေးပြဿနာစသည့်အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။ ထွက်ပြေးတိမ်း ရှောင်နေရသူ အများစု မှာ အမျိုးသမီးများ၊ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများဖြစ်ကြသည်ဩဟု ဖော်ပြထား သည်။

SHARE THIS NEWS

OTHER NEWS