19 April 2024

ဇူလိုင် ၂၀ ရက်၊ ၂၀၂၂

ထိုင်းအစိုးရက ဆေးခြောက်တွေကိုတရားဝင်သုံးစွဲခွင့်ပေးထားပြီနောက် လူငယ်တွေဟာ ဆေးခြောက်တွေကို နည်းလမ်းတကျမသုံးစွဲတဲ့အပြင်၊ ဆေးခြောက်တွေကို အလွန်အကျွံသုံးစွဲကြလို့ ရင်တုန်ခြင်းနဲ့ ဆန့်ငင်ဆန့်ငင်နှင့်တက်ခြင်းစသည်လက္ခဏာများဖြစ်လာပြီး ဆေးရုံတင်ကုသနေရတယ်လို့ ချိုင်းယဖူးခရိုင်မှ ပြည်သူ့ကျန်းမာရေးဌာန ဆရာဝန်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၂၀ ရက်နေ့ ၂၀၂၂ ချိုင်ယဖူးခရိုင် ပြည်သူ့ကျန်းမာရေးဌာန ဒေါက်တာ Wachira Bothapiboon က ခရိုင်တွင်းဆေးခြောက်သုံးစွဲမှုနဲ့ပတ်သက်တဲ့အကြောင်းတွေကို ထုတ်ပြောတဲ့နေရာမှာ “ခရိုင်တွင်း ဆေးခြောက်တွေသုံးနေကြတာ နည်းလမ်းမမှန်ကြဘူး၊ ဆေးခြောက်တွေကိုလဲ အပျော်သဘောနဲ့ သုံးနေကြတယ်။ အလွန်အကျွံသုံးစွဲနေကြတဲ့လူငယ်တွေမှာ ရင်တုန်ခြင်းနဲ့ ဆန့်ငင်ဆန့်ငင်နှင့်တက်ခြင်းတွေဖြစ်လို့ ဖူကယိုဆေးရုံမှာ ကုသမှုတွေပေးနေရပါတယ်။

ဆေးခြောက်တွေကို ဆေးဘက်ဆိုင်ရာတွေမှာ အသုံးပြုဖို့တရားဝင်ခွင့်ပေးလိုက်တာပါ။ ပြီးတော့ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးနို့တိုက်မိခင်တွေမသုံးရဘူးလို့ တားမြစ်ထားပါတယ်။ သုံးစွဲမိရင်သန္ဓေသား၏ ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်။ လမစေ့ဘဲ မွေးဖွားနိုင်တယ်။ သို့မဟုတ် ကလေးဟာဗိုက်ထဲမှာ သေဆုံးသွားနိုင်တယ်။ မွေးလာခဲ့ရင်လဲ ကလေးမှာ ဦးနှောက်ပိုင်းဆိုင်ရာထိခိုက်နိုင်တယ်။

ပြီးတော့ အသက် ၂၀ အောက်လူငယ်တွေလဲ သွားမထိသင့်ဘူး။ မော်တော်ယာဉ် မောင်းနှင်သူများအနေဖြင့်လဲမသုံးသင့်ဘူး၊ ငိုက်မျဉ်းခြင်းကြောင့်မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားနိုင်ပါတယ်။ နိုင်ငံတကာသွားတော့မယ်ဆိုရင် အထူးသတိထားသင့်တယ်။ ဆေးခြောက်တွေကို နိုင်ငံတော်တော်များများမှာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်ထားတာရှိတယ်။ မဆောင်မိိဖို့အရေးကြီးတယ်။ ထိုင်းမှာဆေးခြောက်ကို 0.2% လောက်ပဲဆောင်ခွင့်ရှိတယ်။ အဲဗားဖွင့်ထားတာမရှိသေးဘူး” လို့ဒေါက်တာ Wachira Bothapiboon ကပြောပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS