26 April 2024

ဇူလိုင် ၂၃ ရက်၊ ၂၀၂၂

နိုင်ငံခြားသား ၁ ယောက်က အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ အဖုအပိမ့် ပေါက်ခြင်း၊ အရည်ကြည်ဖုပေါက်ခြင်း စသည့်လက္ခဏာများကိုခံစားရပြီး လိင်အင်္ဂါတွင်စတင်ဖြစ်ပွားကာ မျက်နှာနှင့်ကိုယ်လက်များသို့ ပျံ့နှံ့သွားတဲ့ရောဂါလက္ခဏာခံစားနေရတာကြောင့် သွားရောက်စစ်ဆေးမှုခံယူခဲ့ရာမှာ ၄င်းမှာမျောက်ကျောက်ရောဂါဖြစ်နေကြောင်း သိရပါတယ်။

အဆိုပါနိုင်ငံသားခြားမှာ အသက် ၂၇ နှစ်ရှိသူအမျိုးသားတစ်ဦးဖြစ်ပြီး နိုင်ဂျီးရီယားနိုင်ငံသားဖြစ်ကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူကက်ခရိုင်တွင် နေထိုင်ကြောင်းသိရပါတယ်။

ဖူကက်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ မျောက်ကျောက်သံသယလူနာတစ်ဦးတွေ့ရှိရသည်ဟုအကြောင်းကြားလာလို့ နခေါ်စီးဓမ္မရတ်ခရိုင်ရှိ အမှတ်-၁၁ ကူးစက်ရောဂါနှင့်ရောဂါထိန်းချုပ်ရေးညွှန်ကြားရေးမှူးရုံးမှ သွေးနမူနာဆင်းယူခဲ့ပါတယ်။

ထို့နောက် ကျူလာလောင်ကွန်းဆေးရုံရှိ ဓာတ်ခွဲခန်းတွင် PCR စနစ်ဖြင့်စစ်ဆေးရာတွင် မျောက်ကျောက် ဗိုင်းရပ်စ် (Monkeypox virus) ဟု တွေ့ရှိခဲ့ပြီး ကုသရေးသိပ္ပံညွှန်ကြားမှုဦးစီးဌာန၏ဓာတ်ခွဲခန်းတွင် ထပ်မံ စစ်ဆေးရာ မျောက်ကျောက်ဗိုင်းရပ်စ်ဟု အတည်ပြုနိုင်ခဲ့ပါတယ်။

တဆက်တည်းတွင် အဆိုပါအတည်ပြုလူနာနှင့်နီးနီးကပ်ကပ်နေထိုင်ခဲ့သည့်သူငယ်ချင်း ၂ ဦးကို စစ်ဆေး ရာတွင်ရောဂါလက္ခဏာတစ်စုံတစ်ရာပြလာခြင်းမရှိခဲ့ပါဘူး။

မျောက်ကျောက်လူနာဟာ ထိုင်းကိုလွန်ခဲ့တဲ့တပတ်ခန့်စရောက်ခဲ့တာဖြစ်ပြီး၊ ဖျော်ဖြေရေးနေရာ ၂ ခုကိုသွားခဲ့ပါတယ်။ ၄င်းနှင့်ထိတွေ့ခဲ့သူ ၁၄၂ ဦးရှိသည့်အနက် ၆ ဦးမှာ အဖျားတက်ခြင်းနှင့်လည်ချောင်းနာသည့်လက္ခဏာခံစားရ၍ ဓာတ်ခွဲခန်းတွင်စစ်ဆေးမှုပြုရာ ၄ ဦးမှာမျောက်ကျောက်ရောဂါပိုး တွေ့ရှိခြင်းမရှိကြောင်းသိရပါတယ်။

လွန်ခဲ့သည့်လအနည်းငယ်လောက်က ထိုင်းလေဆိပ်တွင်ခရီးတထောက်နားသည့် နိုင်ငံခြားသားခရီးသည်တစ်ဦးတွင် မျောက်ကျောက်ရောဂါ (Monkeypox) စစ်ဆေးတွေ့ရှိခဲ့ပြီး၊ သူနဲ့နီးစပ်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖူကက်ခရိုင်ရှိ အိုင်ယာလန်နိုင်ငံသား သံသယလူနာ ၅ ဦးမှာလည်း ဓာတ်ခွဲခန်းအဖြေအရ ရေယုန်ရောဂါသာဖြစ်တယ်ဟု သိရပြီး၊ မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့ စုစုပေါင်းလူနာ ၂ ယောက်တော့ ထိုင်းနယ်မြေထဲကို ရောက်လာပြီဖြစ်ပါတယ်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၆၆ နိုင်ငံတွင် မျောက်ကျောက်အတည်ပြုလူနာဦးရေ ၁၂၆၀၈ ဦးတွေ့ရှိထားပြီး၊ ထိုရောဂါနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က အရေးပေါ်အခြေအနေကြေညာထားခြင်းမရှိသေးကြောင်း နှင့် ထိုင်းနိုင်ငံတွင်မူ စောင့်ကြည့်ရမည့်ကပ်ရောဂါဟု ကြေညာထားကြောင်း သိရှိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS