Banner AIS Promo Ads  IDD Call00300

Lottery

ဒီတစ်ပတ် ထီကံထူးရန်အတွက် “Ai Som Chun” ကို ပူဇော်လိုက်ကြပါ...

ဒီတစ်ပတ် ထီကံထူးရန်အတွက် “Ai Som Chun” ကို ပူဇော်လိုက်ကြပါ...

ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်တွင် သတင်းထောက်များက ဖော်ပြခဲ့ပါတယ်။  ပထမရက် ရှည်အားလပ်ရက်အတွင်း  Chainat ခရိုင် Wat Sing ခရိုင်၊ Song Sawoey ဘုရားကျောင်း တွင် Ai Som Chun Pavilion သို့ ခရီးသွားများနှင့် ထီဝါသနာရှင်များ အများအပြားလာ ရောက်ကြပါတယ်။စည်ကားသိုက်မြိုက်စွာ ကျော်ကြားသော "Ai Som Chun" အား ဂါရဝပြုစရာများ ပစ္စည်းများယူဆောင်လာခဲ့ကြပါတယ်။

 

 အချိုရည်အနီ၊ အဆာပြေ ၊ အရုပ်များ နှင့် အနီရောင်အဝတ်အစားများကဲ့သို့သော "Ai Som Chun"ရဲ့အကြိုက်ဆုံးအရာများကို ယူဆောင်လာပြီး ကံကောင်းခြင်းတွေတောင်း ဖို့အတွက် လာရောက်ပူဇော်ကြပါတယ်။ ကစားစရာလျှပ်စစ်ရထားများ၊ အရုပ်များ၊ အနီရောင်ဝတ်စုံများ အစရှိသည့် အထက်ပါပစ္စည်းများကို မဏ္ဍပ်အတွင်းတွင်စုပုံထား ပါတယ်။ ပြီးရင် အိမ်မှာနေရင်း လိမ္မော်ရောင် နံ့သာကို ဝယ်ပြီး ထီဂဏန်းများကိုတောင်း ခံကြပါတယ်။ 

 

ထို့အပြင် ဘန်ကောက်မှာလာသော အသက်၅၉နှစ်အရွယ် Anon Jindasanitanan က အရင်တစ်ခေါက်က ဘတ်ငွေ ၁သိန်းကျော်ပေါက်ခဲ့ပြိး အခုတစ်ခေါက်တွင်လဲ Ai Som Chun" ရဲ့ ရုပ်ထုရှေ့တွင် မီးရှူးမီးပန်းများဖောက်ရာ ရလာတဲ့ဂဏန်းကတော့ 568719360 တို့ဖြစ်ပါတယ်။