On-top-package-Aug

Sport

အင်္ဂလန်အမျိုးသမီးအသင်း ပထမဆုံးအကြိမ်ဗိုလ်ဆွဲ

အင်္ဂလန်အမျိုးသမီးအသင်း ပထမဆုံးအကြိမ်ဗိုလ်ဆွဲ

အင်္ဂလန်အမျိုးသမီးအသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ယူရိုချန်ပီယံ ဆွတ်ခူး

ယမန်နေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အင်္ဂလန်အမျိုးသမီးအသင်းနဲ့ဂျာမနီအမျိုးသမီးအသင်းတို့ရဲ့ ယူရို-၂၀၂၂ ဗိုလ်လုပွဲပွဲစဉ်မှာ အင်္ဂလန်အသင်းက ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး ပထမဆုံးယူရိုချန်ပီယံဆုကို ဆွတ်ခူးနိုင် ခဲ့ပါတယ်။


အင်္ဂလန်အသင်းအတွက် ဉီးဆောင်ဂိုးကို အယ်လာထွန်က ပွဲချိန် ၆၂ မိနစ်နဲ့ အနိုင်ဂိုးကို ခလိုကယ်လီက ပွဲချိန် ၁၁၁ မိနစ်မှာသွင်းယူ ပေးနိုင်ခဲ့ပါတယ်။

ဂျာမနီအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို ပွဲချိန် ၇၉ မိနစ်မှာ လီနာမာဂူလ်က သွင်းယူပေးနိုင် ခဲ့ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ယူရိုပြိုင်ပွဲသမိုင်းတလျှောက်ပထမဆုံးအကြိမ် အနိုင်ရဗိုလ်စွဲခဲ့တာဖြစ်သလို ပထမဆုံးမေဂျာလိဂ်ဖလားကို ဆွတ်ခူးရရှိခြင်းလည်း ဖြစ်ပါတယ်။

ဂျာမနီအသင်းကတော့ ယူရိုပြိုင်ပွဲဗိုလ်လုပွဲ (၉)ကြိမ်မြောက်မှာ  ချန်ပီယံဆုနှင့် ပထမဆုံးအကြိမ် လွဲချော်ခဲ့တာဖြစ်ပါတယ်။


ဝမ်းဇီး