23 April 2024

သြဂုတ် ၁၀ ရက်၊ ၂၀၂၂

တောင်တရုတ်ပင်လယ်အထက်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်ကြောင့် ထိုင်းနိုင်ငံနေရာ တချို့တွင် မိုးကြီးမည်ဟု ထိုင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတိပေး။

ဟိုင်နန်ကျွန်းတောင်ဘက် ၃၇၀ ကီလိုမီတာအကွာရှိ တောင်တရုတ်ပင်လယ်အထက်ပိုင်းတွင် မုန်တိုင်း ငယ်တစ်ခုဖြစ်ပေါ်နေပြီး အဆိုပါမုန်းတိုင်း၏ဗဟိုချက်လေဖိအားသည် ၁ နာရီလျှင် ၅၅ ကီလိုမီတာနှုန်း ဖြင့်တိုက်ခတ်နေကာ မြောက်ဘက်သို့တဖြည်းဖြည်းရွေ့လျားနေပြီး အင်အားပိုကောင်းလာမည်ဟု ခန့် မှန်းထားကာ ဩဂုတ်လ ၁၁ ရက်နေ့ (၂၀၂၂) တွင် ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းကိုရောက်ရှိလာမည်ဟု ထိုင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့ (၉-၈-၂၀၂၂) ၁၀ နာရီအချိန်တွင် သတိပေး ထုတ်ပြန်ထားပါတယ်။

တချိန်တည်းတွင် မုတ်သုံလှိုင်းသည်ထိုင်းနိုင်ငံမြောက်ပိုင်းနှင့်အရှေ့မြောက်ပိုင်းအထက်ပိုင်းတို့ကို တိုက်ခတ်နေပြီး တောင်တရုတ်ပင်လယ်ရှိမုန်တိုင်းငယ်အရှိန်ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းအပါအဝင် အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း နှင့် အရှေ့ပိုင်းဒေသများတွင် မိုးသည်းထန်သည့်အဆင့်မှ အလွန်သည်း ထန်သည့်အဆင့်ထိ ရွာသွန်းနိုင်ပြီး မိုးရေဝပ်မှုကြောင့် တောင်ခြေဒေသနှင့်မြေနိမ့်ဒေသများတွင် ရုပ်တ ရက်ရေကြီးရေလျှံခြင်း နှင့် တောင်ကျချောင်းရေလျှံခြင်းများဖြစ်ပေါ်နိုင်ပါတယ်။

ထို့ပြင် အင်ဒမံပင်လယ်ပြင် အပါအဝင် ထိုင်းတောင်ပိုင်း နှင့် ထိုင်းပင်လယ်ကွေ့ကိုတိုက်ခတ်နေသော အင်အားအသင့်အတင့်ရှိအနောက်တောင်မုန်သုံလေကြောင့် အက်ဒမံပင်လယ်အထက်ပိုင်းတွင် မိုးသက် လေပြင်းကျရောက်နိုင်ပြီး လှိုင်းအမြင့်ပေ ၃ မီတာခန့်ရှိလာနိုင်ပါတယ်။

အဆိုပါမုန်တိုင်းကြောင့် ထိုင်းနိုင်ငံ၏ ခရိုင်ပေါင်း ၄၀ ကျော်တွင် မိုးရွာသွန်းမှုဖြစ်ပေါ်လာနိုင်ပြီး၊ အနီရောင်အဆင့် မိုးကြီးနိုင်တဲ့ခရိုင် ၁၀ ခုထဲတွင် ဗန်ကောက်၊ နွန်ထဘူရီ၊ ပါထုန်ဌာနီ၊ နခွန်ပထုံ၊ စမုပရာကန်၊ စမုဆာခွန်၊ စမုဆုန်ခရာမ်၊ အယုဒ္ဓယ၊ အန်ထောင်း၊ ဆင်ဘူရီခရိုင်များတွင် မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS