14 April 2024

သြဂုတ်လ ၁၀ ရက်၊ ၂၀၂၂

မြန်မာတွေရှိနေတဲ့အခန်းကို သြဂုတ်လ ၉ ရက်နေ့ ညသန်းခေါင်ချိန်တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) က အခန်းတံခါးကို တူနဲ့ထုဖွင့်ကာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တိုက်ခန်းများအတွင်းမှာ တရားမဝင်မြန်မာအလုပ်သမား ၁၀၀ ကျော်က ပုန်းအောင်းတဲ့ နေရာကနေပြီး အဖမ်းခံကြရတာဖြစ်ပါတယ်။

ဝင်ရောက်စစ်ဆေးခဲ့ရာမှ မြန်မာအလုပ်သမား ၁၁၅ဦး အပါအဝင် နိုင်ငံခြားသား ၁၇၅ ဦးကို ဖမ်းမိထားတယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ လူနေအဆောက်အအုံ ခြောက်ခုရှိ လူပေါင်း ၄၂၅ ဦးကို ညသန်းခေါင်အချိန်တွင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း စစ်ဆေးရေးမှူး Khairul Dzaimee Daud ကပြောပါတယ်။

တံခါးကိုထုဖွင့်ရတဲ့အကြောင်းရင်းမှာ တံခါးဖွင့်ရန်ပြောဆိုသော်လည်း ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ မဖွင့်ပေးသဖြင့် တံခါးကို ရိုက်ဖွင့်ကာ ဖမ်းဆီးရတာဖြစ်ပါတယ်။ အဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသား ၁၁၅ ဦး၊ အင်ဒိုနီးရှား ၃၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၃ ဦး၊ နီပေါ ၉ ဦး၊ သီရိလင်္ကာ ၄ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦးဖြစ်ပါတယ်။ ဖမ်းဆီးခံရသူများမှာ အသက် ၂ နှစ်မှ ၅၅ နှစ်အရွယ်အထိရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အများစုမှာ အထောက်အထားမရှိခြင်း၊ အလည်ဗီဇာသက်တမ်းကုန်နေခြင်း၊ Work Permit သက်တမ်းကုန်နေခြင်းတို့တွေ့ရပြီး၊ ဖမ်းဆီးခံရသူများကို ဆက်လက်မေးမြန်းစစ်ဆေးရန်အတွက် စမန်နရီ (Semenyih) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးဌာနကို ခေါ်ဆောင်ခဲ့ပြီး အရေးယူခြင်းခံရမည်ဟု ထုတ်ပြန်ချက်အရ သိရပါတယ်။

Ref: Free Malaysia Today (FMT), Jabatan Imigresen Malaysia (JIM)

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS