On-top-package-Aug

News

ဆီတိုး ခေတ် ဆီပြန်ရောက်နေပြီလား

ဆီတိုး ခေတ် ဆီပြန်ရောက်နေပြီလား

သြဂုတ် ၂၃ ရက်၊ ၂၀၂၂


စားအုန်းဆီစျေးက တပိဿာကို ၁၂၀၀၀ လောက်ရောင်းချပေးနေပြီလို့ မြန်မာဘက်ကလာတဲ့သတင်းတွေမှာဖော်ပြထားပါတယ်။ ဒါဟာ ဆီတိုး ခေတ် ဆီပြန်ရောက်နေပြီလားလို့တောင်မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။


စျေးကြီးတွေမှာ ဆီကို တစ်သောင်းအောက်ဝယ်လို့ရသေးပေမယ့်၊ လမ်းဘေးရှိဆိုင်တွေမှာဆို ၁၂၀၀၀ ကနေ ၁၅၀၀၀ ကျပ်အထိရှိနေပြီလို့သိရပါတယ်။ 


"ဆီစျေးက အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်နေ့တခြားတက်လာတာ၊ ကျမတို့အိမ်မှာသုံးနေတဲ့ ၁.၉ လီတာဗူးက အာဏာသိမ်းမှုဖြစ်ခင်မှာ ၅ ထောင်အောက်ပဲရှိတယ်။ အာဏာသိမ်းပြီးမကြာဘူး ၅၅၀၀ တက်သွားတယ်၊ ၁၁ လပိုင်း ၂၀၂၁ ခုနှစ်မှာ တစ်ဗူးကို ၉၀၀၀ လောက်တက်သွားတယ်။ လက်ရှိစျေးနှုန်းက တစ်ဗူးကို ၁၀၀၀၀ ကျော်နေပြီ" လို့ နန်စံ က Myanmar Live ကိုပြောပါတယ်။


စားအုန်းဆီများမှာ အခြေခံလက်ကားစျေးနှုန်း  ၃၆၆၅ ကျပ်သာသတ်မှတ်ထားပေမယ့် ပြင်ပမှာ ကျပ် ၇၀၀၀ ကျော်ရှိနေပါတယ်။  နယ်တွေမှာဆိုရင် ဆီ ၁ ပိဿာကို ၁၅၀၀၀ လောက်ပေးဝယ်နေရပြီးလို့ သိရပါတယ်။


ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ - Cj