23 April 2024

သြဂုတ် ၂၅ ရက်၊ ၂၀၂၂

လက်ရှိအုပ်ချုပ်နေတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ကျန်အိုချာ သည် ဝန်ကြီးချုပ်သက်တမ်း ၈ နှစ်တိတိပြည့်မြောက်ပြီဖြစ်ပါတယ်။ ၂၄ ရက် သြဂုတ် ၂၅၅၇ ကနေ ဒီကနေ့ ၂၄ ရက် သြဂုတ် ၂၅၆၅ နေ့တွင် ပြည့်တာဖြစ်ပါတယ်။

၂၂ ရက် သြဂုတ် ၂၅၅၇ ခုနှစ်တွင် စစ်ခေါင်းဆောင်ကနေ ဝန်ကြီးနေရာယူလာတဲ့ ပရာယွတ် ကျန်အိုချာ ပြောကြားချက်မှာ “တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အမြန်ပေါ်ပေါက်လာနိုင်စေဖို့အတွက် ဒီကနေ့မှာ တိုင်းပြည်၏အချုပ်အခြာအာဏာကို ဝင်ထိန်းရတာဖြစ်ပါတယ်” ဟု အဲဒီနေ့မှာ အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံကိုပြောင်းဝတ်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ရဲ့ ရာထူးကို နေရာယူခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်နေရာယူထားတဲ့ ကာလတလျှောက်မှာလဲ စစ်တပ်အစိုးရကို မလိုလားတဲ့ ကျောင်းသာလူငယ်တွေကဆန့်ကျင်ဆန္ဒပြမှုတွေပြုလုပ်နေပေမယ့်၊ အဲလို ဆန္ဒပြဆန့်ကျင်နေမှုအပေါ် ဝန်ကြီးချုပ်ရဲ့ တုန့်ပြန်ချက်က ” မထွက်ဘူး၊ မထွက်ပေးနိုင်ဘူး၊ ငါမှာ အမှားမလုပ်ထားတဲ့အတွက် မထွက်ပေးနိုင်ဘူး”ငြင်း ငြင်းဆိုရင်း ဒီကနေ့တွင် ဝန်ကြီးချုပ်သက်တမ်း ၈ နှစ်ပြည့်သွားပါတယ်။

ဗိုလ်ချုပ်ကြီး (ငြိမ်း)ပရာယွတ် ကျန်အိုချာ ကို (၂၄-၈-၂၀၂၂) မှစ၍ ထိုင်းဝန်ကြီးချုပ်တာဝန်မှ ရပ်ဆိုင်းရန် ထိုင်းအခြေခံဥပဒေတရားရုံးမှ 5:4 မဲဖြင့် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ပြီး၊ ဝန်ကြီးချုပ်ရာထူးကို ဆက်လက်ထမ်းဆောင်ခွင့်မရှိတော့ကြောင်း အတိုက်အခံပါတီများ၏အဆိုကို ထိုင်းခြေဥတရားရုံးက လက်ခံခဲ့တာပါ။

ရာထူးမှရပ်ဆိုင်းခံလိုက်ရသည့် ဗိုလ်ချုပ်ကြီး (ငြိမ်း)ပရာယွတ် ကျန်အိုချာ နေရာကို ဝန်ကြီးချုပ်လက်အောက်မှာ တာဝန်ယူထားတဲ့ ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး (ငြိမ်း) ပရာဝစ် ဝဏ္ဏသုဝဏ် က ယာယီဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – THE STANDARD

SHARE THIS NEWS

OTHER NEWS