On-top-package-Aug

News

တရားမဝင်မြန်မာ ၁၀ ယောက်ကျော် စီးလာတဲ့ကားတိမ်းမှောက်မှုဖြစ်ပွားရာတွင် မြန်မာ ၄ ယောက်သေဆုံးပြီး၊ ၉ ယောက်ထိခိုက်

တရားမဝင်မြန်မာ ၁၀ ယောက်ကျော် စီးလာတဲ့ကားတိမ်းမှောက်မှုဖြစ်ပွားရာတွင် မြန်မာ ၄ ယောက်သေဆုံးပြီး၊ ၉ ယောက်ထိခိုက်

ဘုရားသုံးဆူနယ်စပ်ဘက်မှာ ထိုင်းကိုတရားမဝင်လာတဲ့ မြန်မာ ၁၃ ယောက်စီးလာတဲ့ကား လမ်းဘေးတွင်တိမ်းမှောက်မှုဖြစ်ပွားပြီး လိုက်ပါလာတဲ့ မြန်မာ ၄ ယောက်သေဆုံးပြီး ၉ ယောက်မှာ ထိခိုက်ဒဏ်ရာတွေရသွားခဲ့ပါတယ်။


သြဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူထဲမှာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ဖြစ်ပြီး၊ အသက် ၁၅ နှစ်အောက် ၁ ယောက်ပါဝင်တယ်လို့ ဒေသခံသတင်းတွေဖော်ပြချက်အရ သိရပါတယ်။


ဒဏ်ရာရထားတဲ့ မြန်မာ ၉ဦးကိုတော့ စံခလာဘူရီဆေးရုံကိုပို့ဆောင်ထားပါတယ်။ အခင်းဖြစ်တဲ့နေရာကို ရဲတွေရောက်လာတော့ ယာဉ်မောင်းသူတွေဟာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ တရားမဝင် ဝင်ရောက်ဖို့ကြိုးစားတဲ့ မြန်မာတွေကို သယ်ဆောင်လာတဲ့ယာဉ်တွေဟာ ဖမ်းဆီးစစ်ဆေးခံရမှာစိုးရိမ် အပါအဝင် အရှိန်ပြင်းပြင်းမောင်းတာကြောင့်မကြာခဏတိမ်းမှောက်တာတွေဖြစ်နေတယ်။ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားတဲ့အခါတိုင်း သေတဲ့သူတော့ရှိတယ်လို့ မြန်မာလုပ်သားအရေးဆောင်ရွက်သူတွေကပြောပါတယ်။ 


Photo: โจโฉ

ကိုချစ် ဇွဲကပင်မြေ