On-top-package-Aug

News

ကရင်ပြည်နယ်ရှိမြို့နယ်များ သတ်မှတ်ချ်ိန်တွင် အပြင်ထွက်ခြင်းမပြုရဟု ကော့ကရိတ်ထွေအုပ်ထုတ်ပြန်

ကရင်ပြည်နယ်ရှိမြို့နယ်များ သတ်မှတ်ချ်ိန်တွင် အပြင်ထွက်ခြင်းမပြုရဟု ကော့ကရိတ်ထွေအုပ်ထုတ်ပြန်

သြဂုတ် ၃၁ ရက်၊ ၂၀၂၂

.

ကော့ကရိတ်မြို့နယ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့နောက်ပိုင်း ဆူပူဆန္ဒပြမှု၊  လက်လုပ်မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးမှု၊ ခြုံလုံရေးယူနေတဲ့ ရဲတွေကို ဝင်ရောက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။


အဆိုပါလုပ်ရပ်တွေဟာ ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးတွေကိုထိခိုက်လာလို့ အောက်ဖော်ပြပါ နယ်နမိတ်အတွင်းမှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလမ်းလျှောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့် မြို့နယ်၏ လုံခြုံရေးအခြေနေအရ ညနေ ၆ နာရီကနေ နံနက် ၄ အချိန်ထိ လမ်းပေါ်ထွက်ခြင်းမပြုရဟု ထုတ်ပြန်ထားပါတယ်။


ကရင်ပြည်နယ်ရှိ မြဝတီမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များအတွင်းမှာ သြဂုတ် ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၃၀ ရက်နေ့အထိသတ်မှတ်ထားပြီး၊ ကျူးလွန်ပါက တည်ဆဲဥပဒေနဲ့ ပြင်းထန်စွာအရေးယူမည်ဟု ထုတ်ပြန်ထားပါတယ်။ 

.

ကိုချစ် ဇွဲကပင်မြေ