On-top-package-Aug

News

ပြည်သူတွေဟာ နေထိုင်စားသောက်ရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်၊ အကူညီတွေလဲ အများကြီးလိုအပ်နေပါတယ်

ပြည်သူတွေဟာ နေထိုင်စားသောက်ရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်၊ အကူညီတွေလဲ အများကြီးလိုအပ်နေပါတယ်

သြဂုတ် ၆ ရက်၊ ၂၀၂၂


စစ်ကိုင်းတိုင်းမှာရှိတဲ့ ကပိုင်ကျေးရွာ၊ ပေါင်းဝကျေးရွာနဲ့ သီးကုန်းကျေးရွာရှိ နေအိမ်နဲ့အခြားအဆောက်အဦး ၂၄၀ လောက် စစ်ကောင်စီကမီးရှို့ဖျက်ဆီးသွားပါတယ်။ သြဂုတ် ၁၈ ရက်ကနေ ၂၀ ရက်အထိ ဆက်တိုက်မီးရှို့ဖျက်ဆီးတာတွေလုပ်တွေလုပ်နေလို့ အကူညီတွေလဲ လိုအပ်နေတယ်လို့ သိရပါတယ်။


အဲဒီလို မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အထဲမှာ ကပိုင်ကျေးရွာက ဆုံးရှုံးမှု အများဆုံးဖြစ်ပြီး ပြည်သူ ၁၈၁ ဦးပိုင်ဆိုင်တဲ့ နေအိမ်တွေနဲ့ တခြားအဆောက်အဦပေါင်း ၅၀၀ လောက် မီးလောင်ပြာကျသွားခဲ့ကြောင်းသိရပါတယ်။


နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေဟာလက်ရှိအချိန်ထိ ယာတောတဲလေးတွေမှာ ဖြစ်သလို စုပေါင်းခိုလှုံနေထိုင်ကြရတာကြောင့် စေတနာရှင်ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီပေးကြဖို့ မေတ္တာရပ်ခံကြောင်း ပရဟိတလုပ်ကိုင်ပေးနေသူတဦးက ပြောပါတယ်။


Ref: DVB News

ဓါတ်ပုံ - Cj