27 April 2024

သြဂုတ် ၆ ရက်၊ ၂၀၂၂

ကုန်စျေးနှုန်းတွေဟာ တဆတိုးတက်နေတယ်။ နေ့စားခသမားတွေကတော့ ၅ ထောင်အောက်သာပေးတာကြောင့် အခြေခံအလုပ်သမားတွေရဲ့ တစ်ရက်စာလုပ်ခမှာ တစ်ဒေါ်အောက်ကို ရောက်ရှိသွားတယ်လို့ မြန်မာဘက်ကလာတဲ့သတင်းတွေမှာ တွေ့ရပါတယ်။

စက်တင်ဘာ ၁ ရက်နေ့က အမေရိကန်ဒေါ်လာ ပြင်ပပေါက်စျေးဟာ တစ်ဒေါ်လာ ၅,၀၀၀ နီးပါးရှိခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အခြေခံလုပ်အားခ တရားဝင်အနည်းဆုံးတစ်ရက်လုပ်ခမှာ ၄,၈၀၀ ကျပ်သာရှိပါတယ်။

ကုန်စျေးနှုန်းနဲ့ကိုက်ညီမှုရှိတဲ့ လုပ်အားခတွေကိုတိုးပေးရန် စက်ရုံအလုပ်သမားတွေတောင်းဆိုတဲ့နေရာမှာလဲ လုပ်အားခတိုးတောင်းတဲ့အလုပ်သမားတွေကို စက်ရုံကနေထုတ်ပစ်တာတွေရှိတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့လုပ်အားခမှာ အရှေ့တောင်အာရှမှာ အနည်းဆုံးဖြစ်လာတယ်လို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

ကိုချစ် ဇွဲကပင်မြေ

(လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံလုပ်သားအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

SHARE THIS NEWS

OTHER NEWS