19 April 2024

ဩဂုတ်လတွင်း ကျေးလက်ဆရာဝန်များ အဖွဲ့က အဖွဲ့ပေါင်း ၄၀ ဖွဲ့စည်းကာ ဘန်ကောက်မြို့တွင်း လူသူသိပ်သဲတဲ့နေရာတွေမှာ ကိုဗစ်အခမဲ့စစ်ဆေးပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

 

 

ကျေးလက်ဆရာဝန်များအဖွဲ့က ကိုဗစ်ကူးစက်ပြန့်နှံ့နေတဲ့ ရင်းမြစ်ကိုရှာဖွေပြီး ရပ်တန့်နိုင် ရန်လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူတစ်ယောက်စီတိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးနှံဖြစ်ခဲ့ရင် ကိုဗစ်ကို အချိန်တိုအတွင်းအဆုံးသတ်နိုင်လိမ့်မယ် လို့ယုံကြည်ထားကြပါတယ်။

 

 

 

“ထိုင်းနိုင်ငံရဲ့ ကိုဗစ်တတိယလှိုင်းက ဘန်ကောက်နှင့်အနီးနားပတ်ဝန်းကျင်က စခဲ့တာဖြစ်တယ်။ အနည်းနှင့်အများတော့ အခြားနေရာတွေကို ကိုင်တွယ်ဖြေရှင်းနေတာနှင့် တစ်ပြေးညီ ဘန်ကောက်ကို ထိန်းချုပ်နိုင်ရင် အခြားနေရာတွေကို လည်း ထိန်းချုပ်နိုင်မှာဖြစ်တယ်” လို့ ဒေါက်တာ Kriengsak ကဆိုပါတယ်။

ကျေးလက်ဆရာဝန်များအဖွဲ့ ၄၀ က ဒီတစ်ပါတ်အတွင်းမှာ Antigen test kit နဲ့ လူဦးရေစုစုပေါင်း ၂၅၀,၀၀၀ -၃၀၀,၀၀၀ ကို စစ်ဆေးပေးနိုင်မှာဖြစ်တယ်လို့ ဒေါက်တာ Kriengsak ကထပ်မံပြောကြားပါတယ်။

ပိုးတွေ့လူနာတွေကို စစ်ဆေးပေးပြီးတာနှင့် တစ်ပြိုင်နက် အစိမ်းရောင်အဆင့် / အဝါရောင်အဆင့် / အနီရောင်အဆင့် ခွဲခြမ်းသွားမှာဖြစ်ပြီး အနီရောင်အဆင့်လူနာတွေကို ကုတင်ရရှိရန်ချက်ခြင်းစီစဉ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

“ကိုဗစ်လူနာတွေကိုကုသဖို့အတွက် ဗျူဟာပြောင်းရမှာပါ အစိမ်းရောင်အဆင့်နဲ့ အဝါရောင်အဆင့်လူနာတွေကို အိမ်မှာပဲ ကုသစေပြီး အနီရောင်အဆင့်လူနာတွေကို ဆေးရုံတင်ကုသရမှာပါ နောက်တစ်ချက်က ကျွန်တော်တို့အနေနဲ့ ကူးစက်လူနာြမင့်မားနေတဲ့ နယ်မြေတွေကို အမြန်ဆုံးနည်းလမ်းနဲ့ ကိုဗစ်စစ်ဆေးပေးပြီး လူနာတွေကို ခွဲထုတ်ရမှာပါ” လို့ ဒေါက်တာ Kriengsak ကအကြံပြုပြောဆိုပါတယ်။

လက်တစ်လောမှာ ကိုဗစ်လူနာတွေကို ကုသရာမှာအသုံးပြုတဲ့ ထိုင်းတိုင်းရင်းဆေး ဖာထလိုင်ကျိုလည်း ပြတ်တောက်လုနီးပါးရှိပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဖောင်ဒေးရှင်းမှ အထွေထွေအတွင်းရေးမှူးမစ္စ Rosana Tositrakul ကပြောပါတယ်။

 

 

 

သူမဟာ အရင်က ဖာထလိုင်ကျိုလိုအပ်သူတွေကို အိမ်တိုင်ယာရောက် စာတိုက်နဲ့ပို့ပေးနေတာဖြစ်ပြီး အခုလိုအခြေအနေ မျိုးမှာတော့ နေအိမ်တွင်းမှာပဲ ကုသမှုခံယူနေတဲ့ သူတွေကိုသာ ဦးစားပေးပို့ဆောင်ပေး သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာ Surachoke Tangwiwat ကတော့ Favipiravir ဆေးကို ကိုယ်တိုင် ရရာနည်းဖြင့်ဝယ်ယူမသောက်သုံးသင့်ကြောင်း ပြည်သူတွေကိုသတိပေးပြော ဆိုလိုက်ပါတယ်။

 

 

အခုအချိန်မှာ Favipiravir ဆေးအတုတွေ ပြန့်နှံ့နေပြီး အကယ်၍ဆေးအစစ်ဖြစ်ခဲ့ရင်တောင် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ကြောင်းဆိုပါတယ်။ ထပ်မံပြီး ဆေးအတုတွေရောင်းချနေတာကို တွေ့ခဲ့ရင် သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွတ်ရောင်းနေတဲ့သူတွေကို တွေ့ရင် 1556 ကို ချက်ချင်းအသိပေး အကြောင်းကြားလာကြဖို့ မှာကြားခဲ့ပါတယ်။

Favipiravir ဆေးဟာ ဆရာဝန် ညွှန်ကြားချက်မပါဘဲ မိမိ ဘာသာသောက်ဆုံးမယ်ဆိုရင် အရမ်းကို အန္တရာယ်ရှိတဲ့ဆေး ဖြစ်တယ်လို့ ဆေးဘက်ဆိုင်ရာဌာန တွေက ထုတ်ဖေါ်ပြောဆိုထားပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ သောက်သုံး မိခဲ့ရင် ရင်သွေးမွေးလာတဲ့အခါ ခြေလက်အင်္ဂါ မပြည့်စုံတာတွေဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဝင်းထက် – MML

SHARE THIS NEWS

OTHER NEWS