26 April 2024

စက်တင်ဘာ ၂၄ ရက်၊ ၂၀၂၂

.

ပြည်ပ နိုင်ငံများသို့ လူငယ်များ ထွက်ခွာနေမှု များပြားနေ၍ တင်းကျပ် ကြပ်မတ်ရန်နှင့် ပြည်ပထွက်ခွာသွားသော အလုပ်သမားများအနေဖြင့် လစာ၏ ရာခိုင်နှုန်း မည်မျှကို ပြည်တွင်း ပြန်လည်ပေးပို့ရမည် ဆိုသော စာချုပ်ကို လက်မှတ်ရေးထိုးခိုင်းရန် စစ်ခေါင်းဆောင်ကညွှန်ကြားတယ်လို့ ရန်ကုန်ခေတ်သစ် သတင်းဌာနကဖော်ပြထားပါတယ်။

လွန်ခဲ့သည့်လကအစည်းဝေးမှာစစ်ခေါင်းဆောင်က ညွှန်ကြားချက် ၁၀ ချက်ပေးခဲ့ပြီး ယင်းတို့အနက်တွင် အချက် ၂ ချက်မှာ ပြည်ပသို့ လူငယ်များ ထွက်ခွာနေမှုများနှင့်ပတ်သက်၍ တင်းကျပ်ရန် အမိန့်ပေးခြင်းဖြစ်ပါတယ်။

ဆက်လက်ပြီး ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက်ထွက်ခွာနေမှုကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု ပြဿနာ မဖြစ်ပေါ်စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန်နှင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်ရန် ထည့်သွင်းပြောဆိုသွားပါတယ်။

ထို့ပြင် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သူ လူငယ်များ အနေဖြင့် ပြည်တွင်းသို့ လစာ၏ ရာခိုင်နှုန်း မည်မျှ ပေးပို့ရန် ဆိုသော အချက်ကိုလည်း စာချုပ်အဖြစ် ထည့်သွင်းကာ ပြည်ပမထွက်ခင်ကတည်းက တစ်ပါတည်း လက်မှတ်ရေးထိုးခိုင်းရန် အမိန့်ပေးလိုက်ပါတယ်။

Source; Khit Thit Media

ပုံဟောင်း

SHARE THIS NEWS

OTHER NEWS