20 April 2024

အောက်တိုဘာ ၄ ရက်၊ ၂၀၂၂

အောက်တိုဘာ ပထမအပတ်တွင် ထိုင်းကိုတရားမဝင်လာပြီး အဖမ်းခံရတဲ့မြန်မာတွေ ၃၀၀ ခန့်ရှိပြီဖြစ်ပါတယ်။ ဘုရားသုံးဆူနယ်စပ်အထွက် ထိုင်းအဝင်မှာအဖမ်းခံကြရတာပါ။

 

 

အောက်တိုဘာ ၂ ရက်နေ့မှာတော့ နယ်စပ် လုံခြုံရေးတပ်ဖွဲ့တွေဟာ မြန်မာနယ်စပ် နှစ်နေရာကနေ တရားမဝင်အလုပ်သမား အမျိုးသား ၁၃ ယောက် အမျိုးသမီး ၇ ယောက်နဲ့ လမ်းပြ ၃ ယောက်အဖမ်းခံရတယ်။

 

 

အဖမ်းခံရတဲ့ မြန်မာ ၄၀ ခန့်က အလုပ်သွားလုပ်ဖို့ ပွဲစားကို တဦးလျှင် ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အလားတူ ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာလည်း မလေးရှားသွားမယ့် ချင်းပြည်နယ်သား ၂၁ ယောက် အဖမ်းခံရပါတယ်။

 

 

ယခုလို မြန်မာလုပ်သားတွေကို ပွဲစားတွေကနယ်စပ်အထိ ခေါ်လာပြီး ထိုင်းအဝင်မှာ ချက်ချင်းဆိုသလို အဖမ်းခံရလို့ ပွဲစားနဲ့ထိုင်းအာဏာပိုင်တွေပေါင်းစားနေတာနဲ့တူတယ်လို့ ဝေဖန်နေကြပါတယ်။ ထိုင်းအစိုးရဘက်ကလဲ တရားမဝင်လုပ်သားတွေဝင်ရောက်တဲ့နေရာမှာ ချစားတဲ့အရာရှိတွေ စစ်ဆေးတွေ့ရှိခဲ့မယ်ဆိုရင် ပြင်းပြင်းထန်ထန်အရေးယူသွားမယ်ဟု ထုတ်ပြန်ထားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี

SHARE THIS NEWS

OTHER NEWS