19 April 2024

အောက်တိုဘာ ၄ ရက်၊ ၂၀၂၂

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာကို စစ်တပ်က ဝင်ရောက် စီးနင်းနေပြီး ကျေးရွာ ၄ ရွာက ပြည်သူ ၇ ထောင်ကျော် ဘေးလွတ်သို့ ထွက်ပြေးနေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ထံကသိရပါတယ်။

 

 

ဇော်ချောင်းရွာကို ဒီကနေ့ မနက်မှာ စစ်တပ် ခမရ-၃၆၃ မှ ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေတဲ့အပြင် အနီးဝန်းကျင်ရှိ အလယ်ခုံရွာ၊ သင်တောရွာနှင့် လွင်ကြီးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေတာကြောင့် ပြည်သူ ၇၅၀၀ ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

 

 

ထို့အတူ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွေးကြေးမုံရွာကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်းတာတွေလုပ်နေပြီး ပြည်သူ အများအပြား ဖမ်းဆီးထားတယ်ဟု ဒေသခံများထံမှသိရပါတယ်။

ဒီကနေ့ နံနက် အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၅ နာရီအချိန်လောက်မှာ စစ်ကြောင်းမိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်းကို ဝင်ရောက် စီးနင်းပြီး ပြည်သူ အများအပြားကို ဖမ်းဆီးစစ်ဆေးနေတယ်ဟု ၄င်းကဆိုပါတယ်။

 

 

“ဘုန်းကြီးကျောင်းမှာ စုပြီး အကုန်လုံးကို ဖမ်း ထားတယ်ကြားတယ်။ အိမ်ထဲနေတဲ့သူ တွေ့ရင်လည်း ဖမ်းတယ်။ လူမရှိရင်သော့ဖျက် ဝင်မွှေတယ်။ နံနက်က မိုင်းသံကြားပြီးနောက် သေနတ်သံတွေ ဆူညံနေတာဗျ ဆိုင်ကယ်နှစ်ယောက်စီး လာတဲ့ သူကိုလည်း လှမ်းပစ်တာ ဆိုင်ကယ် ပြန်လှည့်ပြီး ရွာထဲဝင်ပြေးတာ မထိလိုက်ဘူး။ ဆိုင်ကယ်တော့ မီးရှို့ခံလိုက်ရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – Cj

SHARE THIS NEWS

OTHER NEWS