19 April 2024

အောက်တိုဘာ ၅ ရက်၊ ၂၀၂၂

ဗန်ကောက်အပါဝင် ခရိုင် ၄၃ ခုတွင် ဆက်လက်မိုးကြီးနေမည်ဖြစ်ပြီး၊ တောင်ရေကျခြင်းနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်တယ်ဟု ထိုင်းမိုလေဝသဌာနမှ သတိပေးထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့မှစ၍ နောက် ၂၄ နာရီအတွင်း ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် မိုးနည်းမှာဖြစ်ပြီး၊ တချို့နေရာများတွင် နေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ ထိုနောက် ဗန်ကောက်နှင့်နီးနာခရိုင်များ ထိုင်းနိုင်ငံတောင်ပိုင်းရှိခရိုင်များမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးရေကြောင့် တောင်ရေကျခြင်းနှင့် ရုတ်တရက်ရေကြီးရေလျှံခြင်းဖြစ်ပေါ်လာနိုင်ပါတယ်။

ကပ္ပလီပင်လယ်ပြင်အထက်ပိုင်းမှာ လှိုင်းအသင့်အတင့်ရှိပါမယ်။ လှိုင်းအမြင့်မှာ ၁-၂ မီတာအထိရှိလာနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်အောက်ပိုင်းနဲ့ ထိုင်းပင်လယ်ကွေ့တို့မှာ လှိုင်းအမြင့် ၁ မီတာခန့်ရှိလာနိုင်ပါတယ်။

ဒီကနေ့ ထိုင်းစံတော်ချိန် ၁၇ နာရီ မှ မနက်ဖြန် ညနေ ၁၇ နာရီအထိခန့်မှန်းချက်မှာ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသဖြစ်တဲ့ တာ့ခ်ခရိုင်၊ ကန်ဖယ်ဖေ့ချ်ခရိုင်၊ ဖိကျိခရိုင်နှင့် ဖေ့ချ်ဘွန်ခရိုင်များတွင် မိုး ၆၀% ရွာရန်ရာနှုန်းရှိလာနိုင်ပါတယ်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသဖြစ်တဲ့ ချိုင်ယဖူးခရိုင်၊ နခွန်ရာ့ချ်စီမာခရိုင်၊ ဘူရီရမ်ခရိုင်နှင့်စူရင်ခရိုင်များတွင် ၆၀% ရွာရန်ရာနှုန်းရှိလာနိုင်ပါတယ်။

ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသဖြစ်တဲ့ ဗန်ကောက်အပါဝင် နခွန်စဝမ်ခရိုင်၊ အုထိုင်ဌာနီခရိုင်၊ ချိုင်နာ့ခရိုင်၊ စူဖန်ဘူရီခရိုင်၊ ကန်ကျနဘူရီခရိုင်၊ ရာ့ချ်ဘဘူရီခရိုင်၊ နခွန်ပထုံ၊ စမုဆာခွန်နှင့်စမုဆုန်ခရာမ်ခရိုင်များတွင် မိုး ၇၀% ရွာရန်ရာနှုန်းရှိလာနိုင်ပါတယ်။

ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသမှာ ၇၀%၊ ဖေ့ချ်ဘူရီခရိုင်မှနာရာဌီဝါ့ခရိုင်အထိ ၇၀%၊ အရှေ့တောင်ပိုင်းခရိုင် ဖန်းငါးခရိုင်ကနေ စတွန်းခရိုင်များတွင် ၇၀%အထိ မိုးကြီးနိုင်တယ်ဟု ထိုင်းမိုးလေဝသထုတ်ပြန်ချက်ရ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS