19 April 2024

အောက်တိုဘာ ၆ ရက်၊ ၂၀၂၂

အောက်တိုဘာလ ၅ရက်နေ့လောက်က မြန်မာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၇သိန်းကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြပြီး၊ အဲဒီနေ့မှာ ရောင်းဈေးဝယ်ဈေး ငါးသောင်းကျပ်ဝန်းကျင်အထိကွာနေတယ်လို့ သိရပါတယ်။

အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅သိန်းဝန်းကျင်အထိ ဈေးတက်ခဲ့ရာမှ စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ၂၃ ကနေ ၂၅သိန်းဝန်ကျင်အထိပြန်ကျခဲ့ပြီး အောက်တိုဘာ ၅ ရက်နေ့မှာတော့ ၂၇ သိန်းပြန်တက်တာဖြစ်ပါတယ်။

ရွှေစျေးတွေပြန်တက်ရတဲ့အကြောင်းရင်းမှာ ယခုရက်ပိုင်က သီတင်းကျွတ်ကာလဖြစ်သည့်အတွက် ရွှေအရောင်းအဝယ်ပြုလုပ်သူများပြီး ဈေးမတည်ငြိမ်တာဖြစ်နိုင်တယ်လို့ ရွှေရောင်းဝယ်သူတွေကဆိုပါတယ်။

Source: Mizzima

SHARE THIS NEWS

OTHER NEWS