26 April 2024

အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၂

စစ်ကောင်စီတပ်ရဲ့ ဝေဟင်နဲ့ မြေပြင်တိုက်ခိုက်မှုတွေခံခဲ့ရတဲ့ လက်ယက်ကုန်းရွာက ကလေးငယ် တွေအပါအဝင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ကျောင်းနေအရွယ်ကလေးငယ်တွေဟာ စိတ်ပိုင်း ဆိုင်ရာထိခိုက်ပြီး စိတ်မလုံခြုံမှုတွေကနေ သက်သာရာ မရသေးတာကြောင့် ပညာသင်ကြားရေး ပြန် လည်စတင်ဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၆ရက်မှာ PDFတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေရှိနေ တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီရဲ့ တစ်နာရီဝန်းကျင်ခန့်လေကြောင်းတိုက်ခိုက်တာရော မြေပြင်ထိုးစစ် ဒဏ်ကိုပါ ခံစားခဲ့ရတဲ့ ကျောင်းသား ၂၀၀ ကျော်တက်ရောက်နေတဲ့ လက်ယက်ကုန်း ရွာ မူလတန်းကျောင်းမှာ ကလေးငယ်၇ဦးသေဆုံးခဲ့ရသလို ဒဏ်ရာရကလေးငယ်တွေကိုလည်း စစ်ကောင်စီတပ်သားတွေက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

မသေဘဲကျန်နေတဲ့ ကလေးငယ်တွေဟာလည်း အဆိုပါ ဖြစ်ရပ်နဲ့ အနိဌာရုံမြင်ကွင်းတွေကြောင့် စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကြောင့် ကျောင်းပြန်တက်ရမှာကြောက်နေသလို မိဘတွေ အနေနဲ့လည်း ကလေးငယ်တွေကို ကျောင်းပို့ဖို့ အတွက် အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်နေကြရတာပါ။

‘’ စာသင်ကြားရေးက ပြန်မလုပ်နိုင်သေးဘူး။စာသင်ကျောင်းက ကျသွား(သေ)သွားနဲ့ ကလေးတွေ လည်း ရှိတာဆိုတော့ ကျန်ခဲ့တဲ့ကလေးတွေကလည်း စိတ်ဒဏ်ရာရတာပေါ့။အဲဒါကို ပျောက်အောင် လို့ သူတို့ပြန်စောင့်ယူရမှာပေါ့။NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ပညာသင်ကြားရေးပြန်လုပ်ဖို့ ရှိ တယ်။ ဒါပေမဲ့ လုပ်ဖို့တော့မလွယ်သေးဘူး။ဒီပဲယင်းနယ်က စစ်ကအမြဲဖြစ်နေတာကိုး” လို့ ‌ ဒေသခံ ကျောင်းဆရာတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အာဏာသိမ်းခံရပြီးနောက်ပိုင်းမှာ တော်လှန်ရေးတက်ကြွစွာလုပ်ခဲ့တဲ့ ဒီပဲယင်းဒေသဟာ တိုက်ပွဲ တွေကြောင့် နယ်မြေတည်ငြိမ်မှုမရှိတဲ့အတွက် ပညာသင်ကြားရေးရပ်တန့်နေတာ ၂နှစ်ဝန်းကျင်ခန့် ရှိပြီဖြစ်ပါတယ်။ ကျေးရွာတချို့မှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ တစ်နိုင်တစ်ပိုင် စာသင်ကျောင်းတွေဖွင့် လှစ်တာတွေရှိနေပေမယ့် စက်တင်ဘာ ၁၆ရက် လေကြောင်းတိုက်ခိုက်မှုအပြီးမှာ အကုန်ရပ်နားထား လိုက်ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဝေဟင်တိုက်ခိုက်မှုအပြီးမှာ ဒဏ်ရာရတဲ့ ကလေးငယ်တွေကို ဆေးကုသပေး မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရေဦးတိုက် နယ်ဆေးရုံနဲ့ မုံရွာစစ်ဆေးရုံဘက်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာပါ။မုံရွာစစ်ဆေးရုံကို ခေါ်သွားတဲ့ကလေးငယ်တစ်ဦးကိုသာပြန်လွှတ်ပေးခဲ့ပြီး ရေဦးတိုက် နယ် ဆေးရုံဘက်ကို ခေါ်သွားတဲ့ကလေးတွေကိုတော့ ဒီနေ့အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးသလို သေဆုံးကလေးငယ်တွေရဲ့အလောင်းတွေကိုလည်း မိဘတွေကို ပြန်မပေးခဲ့ပါဘူး။

ပြန်လွတ်လာတဲ့ကလေးငယ်ဟာ Grade -1 ကျောင်းသား မောင်ဘုန်းပြည့်စုံကျော် ဖြစ်ပြီး သူဟာ မျက်စိထိခိုက်ထားလို့ ကုသမှုခံနေရာကနေ သက်သာလာတာမို့ ကလေးမိဘတွေကို လာခေါ်ခိုင်းပြီး ပြန်ခွင့်ပေးလိုက်ကာ လက်ရှိမှာ ရွာမှာပဲ ဆက်လက်ဆေးကုသနေရတယ်လို့လည်း ဒေသခံ တွေထံမှ သိရပါတယ်။

လက်ယက်ကုန်းဖြစ်စဥ်အပြီးမှာ အဲဒီကျေးရွာအပါဝင် အနီးနားက ရွာတွေမှာ ဝေဟင်တိုက်ခိုက်မှု ထပ်ဖြစ်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာနေမှုကြောင့် ဒေသခံတွေ ထွက်ပြေး ရှောင်တိမ်းနေရတာဟာ သုံးကြိမ်ထက်မနည်းရှိနေပြီ ဖြစ်သလို ကလေးမိဘတွေအပါအဝင်တွေ ကျေးရွာသားတွေနဲ့ ဆရာ ဆရာမတွေဟာ ညဘက်အိပ်မပျော်တာ အိပ်မက်ဆိုးတွေနဲ့ လန့်နိုး တာ အပါအဝင် စိတ်မလုံခြုံမှုနဲ့ စိတ်ဒဏ်ရာတွေကို ခံစားနေကြရ ပါတယ်။

ဒီပဲယင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားကလေးငယ်၇ဦး အရပ် သား ၆ တစ်ဦးစုစုပေါင်း ၁၃ဦး သေဆုံးခဲ့ရပြီး ဆရာ ဆရာမတွေအပါအဝင် လူ၁၇ယောက်ကို ဖမ်းဆီးခံခဲ့ရပြီး ဖြစ်စဉ်ကို ကျူးလွန် သူတွေဟာ စစ်ကောင်စီရဲ့ အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ -၁၀) လက်အောက်ခံ ခြေမြန်တပ်ရင်း တပ်မ (၃၆၈) က အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ KIAနဲ့ ဒေသပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ကြောင့် ဝေဟင်ပစ်ခတ်မှုကို လုပ်ခဲ့ရတာလို့ပြောြကားထားတာပါ။

ဗုံးလာကြဲစဥ် ထွက်ပြေးခဲ့သည့်ပုံ

SHARE THIS NEWS

OTHER NEWS