19 April 2024

နိုဝင်ဘာ ၂ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာသူတွေထဲမှာ အဖမ်းဆီးခံရသူပေါင်း ၂၀၂၂ ခုနှစ်အတွင်း အယောက် ၄၂၇၀၀ လောက်ရှိတယ်လို့ မြန်မာပြည်သားများအရေးဆောင်ရွက်နေတဲ့အဖွဲ့က ပြောပါတယ်။

ဆယ်လအတွင်း တရားမဝင်မြန်မာ သိန်းတဝက်နီးပါးမှာ ထိုင်းကိုလာပြီး ယခုလိုအဖမ်းခံကြရတာဟာ မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးပြဿနာတွေကြောင့် တိုင်းတစ်ပါးမှာနေထိုင်ဖို့ လူငယ်တွေဟာ နည်းမျိုးစုံဖြင့်ဝင်ရောက်လာကြတာဖြစ်တယ်ဟု သိရပါတယ်။

အဲဒီအရေအတွက်ဟာ ဒီနှစ် ဇန်နဝါရီလ မှ အောက်တိုဘာလအတွင်း ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ထဲက လက်လှမ်းမီသမျှကောက်ယူစုဆောင်းခဲ့သမျှသာဖြစ်ပြီး အမှန်တကယ် ဒီထက်ပိုများနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေကဆိုပါတယ်။

မြန်မာနယ်စပ်ကနေ ထိုင်းကိုဝင်ရောက်နိုင်တဲ့နေရာတွေကတော့မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နယ်၊ ရှမ်းပြည်နယ်ကနေတဆင့်ထိုင်းနိုင်ငံအတွင်းပိုင်းရောက်ပြီးမှ အဖမ်းခံရတာပါ။ အဲဒီကနေထိုင်းတောင်ပိုင်း မလေးရှား နိုင်ငံနယ်စပ်တွေမှာ အဖမ်းခံရတာတွေ ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီလိုတရားမဝင် ဝင်လာရာမှာလည်း ပွဲစားကိုဈေးနှုန်းအမျိုးမျိုးပေးရပြီး မြန်မာပြည်ကနေ မလေးရှားထိ ထိုင်းဘတ်ငွေ ၇ သောင်းထိပေးကြရကာ ထိုင်းနိုင်ငံထိ ဘတ် ၁၆၀၀၀ မှ ၃၅၀၀၀ ကြား၊ အလုပ်အကိုင်ပါ ရှာပေးရင် ဘတ် ၄၀၀၀၀ ထိပေးရတာရှိပါတယ်။

ဖမ်းဆီးရမိသူတွေ ပြစ်ဒဏ်စေ့လို့ မြန်မာပြည်ပြန်ပို့ခံရတာတော့ ၂၀၂၁ ဩဂုတ်လ ၁ ရက်မှ ၂၀၂၂ အောက်တိုဘာ ၃၁ ရက်ထိ ၄၉၀၀၀ ကျော်ရှိတယ်လို့လဲ သိရပါတယ်။

Ref: DVB News

ပုံဟောင်း

SHARE THIS NEWS

OTHER NEWS