29 March 2024

နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၂

အသက် ၅၁ နှစ်သာရှိသေးတဲ့ စာရေးဆရာအကြည်တော်မှာ ယမနေ့ည ၈ နာရီခန့်က ကွယ်လွန်သွားပြီဟု သိရပါတယ်။ အကြည်တော်ဟာ လည်ချောင်းကင်ဆာ သံသယနဲ့ ပြည်ပကိုထွက်ခွာဆေးကုခဲ့ရတာဖြစ်ပြီး လည်ချောင်းအတွင်း stent (ပိုက်ထည့်ကုသခဲ့ရ) ပြီးနောက် ရန်ကုန်ကိုပြန်လာခဲ့ပြီး ပင်လုံဆေးရုံမှာ ရက်ရှည် တက်ရောက် ဆေးကုသမှုခံယူပြီးတဲ့‌နောက်မှာ ဆုံးပါးခဲ့တာဖြစ်ပါတယ်။

အကြည်တော်မှာ စာရေးတဲ့နေရာမှာ အလွန်ကောင်းမွန်တဲ့အတွက် အချို့စာသားတွေမှာ ခွန်အားဖြစ်စေပြီး၊ အချို့စာသားတွေမှာ ပျော်ရွှင်ရယ်မောစရာတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ယခုလို သူမရှိတော့တဲ့နောက်ပိုင်း အကြည်တော် စာဖတ်ပရိတ်သတ်တွေအတွက်ကတော့ ကြယ်ကလေးတစ်ပွင့် အရောင်ထပ်မှိန်သွားရသလို ခံစားနေကြရမှာဖြစ်ပါတယ်။

” ကျနော် သူ့ရဲ့စာတွေကိုဖတ်ပြီး ပျော်ခဲ့ဖူးပါတယ်။ ကျနော်ရဲ့သက်တမ်းတလျှောက်မှာဆို အကြည်တော် ဟာ ကျနော်ရဲ့ခရေစီတစ်ယောက်ပါ။ အကြည်တော် သက်ရှိစဥ်တုန်းက သူရဲ့စာသားတွေနဲ့ ကျနော်တို့ပြုံးပျော််ခဲ့ဖူးတဲ့အချိန်တွေများစွာရှိခဲ့တယ်။ သူကွယ်လွန်သွားပြီလို့ သတင်းတွေထဲမှာတွေ့လိုက်တော့ အလွန်စိတ်မကောင်းဖြစ်မိတယ်” လို့ အကြည်တော် စာဖတ်ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ကိုအောင်ဇင်ဖြိုး က Myanmar Live က်ိုပြောပါတယ်။

အကြည်တော်ဟာ သူရေးသားခဲ့တဲ့ ဝတ္ထုတွေကတော့ ဇော်ကကနေသည်၊ ဘီလူး၊ ရွှေမိုးသည်း၊ ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်၊ ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း၊ နတ်နေကိုင်း၊ ချစ်လို့စတာ နာတယ်၊ ကဝေပျိုရဲ့နိဒါန်း ဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS