29 March 2024

ဩဂုတ် ၁၉ ရက် ၂၀၂၁

 

လာမည့်နှစ်များအတွင်း အာဖဂန်ဒုက္ခသည်ဦးရေ ၂ သောင်းလက်ခံသွားမည်ဖြစ်ပြီး ရာသက်ပန်နေထိုင်ခွင့်ပေးသွားမည်ဟု

ယူကေအစိုးရကြေညာ။

 

လာမည့်သုံးလေးနှစ်အတွင်း အာဖဂန်ဒုက္ခသည်ဦးရေ ၂ သောင်းလက်ခံသွားမည်ဖြစ်ပြီး ရာသက်ပန်နေထိုင်ခွင့်ပေးသွားမည်ဟု

ယူကေပြည်ထဲရေးဝန်ကြီး ပရီတီ ပတ်စတယ်က ယမန်နေ့တွင်ကြေညာခဲ့သည်။

 

ပထမနှစ်တွင် အာဖဂန်ဒုက္ခသည် ၅ ထောင်ဦးလက်ခံသွားမည်ဖြစ်ပြီး အမျိုးသမီးများ၊ အမျိုးသမီးကလေးသူငယ်များ၊ အန္တရာယ်ဖြစ်နိုင်ခြေ

များသောသူများကို ဦးစားပေးခေါ်ယူသွားမည်ဟု ဆိုသည်။ ယင်းမူဝါဒသည် အာဖဂန်စစ်ပွဲကာလအတွင်း ယူကေအစိုးရကိုအလုပ်လုပ်ပေး

ခဲ့သော ဘာသာပြန်များနှင့်အခြားဝန်ထမ်းများပြောင်းရွှေ့နေထိုင်ခြင်းစီမံချက်နှင့်သီးခြားစီဖြစ်သည်ဟု ၎င်းကဆက်လက်

ပြောကြားသည်။

 

မည်သို့ဆိုစေ အာဖဂန်ဒုက္ခသည်လက်ခံသည့်ဦးရေသည်နည်းပါးလွန်းကြောင်း၊ ပထမတစ်နှစ်တည်းတွင်ဦးရေ ၂ သောင်းခန့်

 

လက်ခံသင့်ကြောင်း၊ ဒုက္ခသည်ဦးရေ ၃,၅၀၀ မှ ၄၀,၀၀၀ အထိလက်ခံရန်ရာထားသင့်ကြောင့် အတိုက်အခံပါတီဘက်က

ဝေဖန်ထောက်ပြသည်။

 

အဆိုပါ အာဖဂန်ဒုက္ခသည်ခေါ်ယူရေးအဆိုကို ယနေ့တွင် လွှတ်တော်၍ဆွေးနွေးမည်ဖြစ်ပြီး ဒုက္ခသည်လျှောက်ထားခြင်းဆိုင်ရာအသေးစိတ်

အချက်အလက်များကို မကြာမီထုတ်ပြန်သွားမည်ဟု သိရသည်။

တချိန်တည်းတွင် မြို့တော်ကာဘူးလ်တွင်ပိတ်မိနေသူများကို ကယ်ထုတ်ရေးနှင့်ပတ်သက်ပြီးယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်နှင့်

အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်တို့တယ်လီဖုန်းဖြင့် တိုက်ရိုက်ဆွေးနွေးခဲ့ကြပြီး အာဖဂန်မှထွက်ခွာလိုသည့်သူများကို အတတ်နိုင်ဆုံး

ကယ်ထုတ်ရမည်ဟုသဘောတူညီခဲ့ကြသည်ဟု သိရသည်။

SHARE THIS NEWS

OTHER NEWS