21 April 2024

နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၂၂

ထိုင်း​နိုင်ငံ ချွန်ဘူရီကလပ်အသင်းမှာ ကစား​နေတဲ့ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် ဇော်မင်းထွန်း အနားယူတော့မည်ဟု သူရဲ့ဖေ့ဘွတ်စာမျက်နှာတွင် ကြေညာခဲ့ပါတယ်။

လာမည့် AFF Mitsubishi Electrict Cup ပြိုင်ပွဲကစားပေးရန် အတွက် သူ့ကိုတရားဝင် ဖိတ်ခေါ်ထားကြောင်းလဲ ရေးသားထားပါတယ်။ မြန်မာ့ လက်ရွေးစင် ကစားသမား အဖြစ် ၂၀၁၁ မှ စတင်ကာ နိုင်ငံ့ကိုယ်စားပြု ပွဲပေါင်း ၇၀ ကျော်ကစားပေးခဲ့ပြီလဲ သိရပါတယ်။

ဇော်မင်းထွန်းထံ Myanmar Live ကဆက်သွယ်မေးမြန်းတော့ ” အခြားဘာမှ ပြောဖို့တော့ မရှိပါဘူး၊ ကျနော်ရေးထားတဲ့အတိုင်းပါပဲ” ဟု ၄င်းကဆိုပါတယ်။

အနားယူရတဲ့အကြောင်းရင်းမှာ အသက်အရွယ်ကြောင့်နှင့် တဖန် လူငယ် မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်း နေရာပေးလိုတဲ့ ဆန္ဒလည်းရှိနေလို့ ယခုလို ဆုံးဖြတ်လိုက်တာဟု ဆိုပါတယ်။

မြန်မာ လက်ရွေးစင် အသင်း လာမည့် AFF ချန်ပီယံရှစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိပါစေကြောင်း ၄င်းက ဆုတောင်းပေးခဲ့ပါသေးတယ်။ ယခုလို ဘောလုံးလောကနေ အနားယူလိုက်တာဟာ အချို့ပရိတ်သတ်တွေက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဟု မှတ်ချက်တွေ ပေးနေကြပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS