19 April 2024

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တစ်ရက်ထဲ ကိုဗစ်၁၉ ကူးစက်ခံရသူ ၅၀၀ ကျော်စစ်ဆေးတွေ့ရှိခဲ့တဲ့အပြင် ထိုင်းတွင်ကိုဗစ်၁၉ ကူးစက်မှုထပ်မဖြစ်ပွားစေရန် လူထူထပ်သည့် နေရာများ၌ mask တပ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက အကြုံပြုထားပါတယ်။

ထိုင်းနိုင်ငံတွင်း ဖြေလျှော့မှုအဆင့်ဆင့်ရှိလာခဲ့ပြီးနောက်ပိုင်းယခင်က ကူးစက်မှုနှုန်း လျော့ကျနေခဲ့ရာမှ နေ့အလိုက် ကူးစက်မှုများ (၁၀) မှ (၂၀) ရာခိုင်နှုန်း မြင့်တက်လာနေပြီး ဆေးဆိုင်းတွေမှာလဲ ကိုဗစ်၁၉ လူနာတွေ တစ်ရက် ၁၀ ဦးခန့်စစ်ဆေးတွေ့ရှိနေတာကြောင့် ထိုင်းတွင်ကိုဗစ်၁၉ တကျော့ပြန်ကူးစက်မှု ဖြစ်လာမှာကို စိုးရိမ်နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် က နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ပြောပါတယ်။

အဲဒီအတွက် COVID-19 ထပ်တိုးအားဖြည့် ကာကွယ်ဆေးထပ်မံသွားရောက်ထိုးနှံကြရန်လိုကြောင်း ၄င်းကဆိုပါတယ်။ COVID-19 ကူးစက်မှုများ မြင့်တက်မှုမှာ သေးငယ်သည့် ကူးစက်မှုလှိုင်းငယ်တစ်ခု ဖြစ်နိုင်သော်လည်း သေဆုံးမှုများ တိုးလာနိုင်တယ်ဟု ၄င်းကဆက်ပြောပါတယ်။

မနေ့က ဗန်ကောက်မြို့ ဟွေ့ခဝှမ်မြို့နယ်မှာ ရွှေ့ပြောင်းလုပ်သားတစ်ဦး အခန်းထဲမှာသေဆုံးမှုရှိခဲ့ပြီး စစ်ဆေးကြည့်လိုက်ရာ ကိုဗစ်၁၉ ကူးစက်ခံနေရကြောင်း ထိုင်းသတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။သေဆုံးသူမှာ ရွှေ့ပြောင်းလာအိုနိုင်ငံသား အသက် ၄၀ နှစ်လို့သိရပြီး၊ သေဆုံးသူမှာကိုဗစ်၁၉ လက္ခဏာတွေ့ရတဲ့အတွက် ကိုဗစ်၁၉ ရောဂါနဲ့သေဆုံးတာဖြစ်နိုင်ခြေများတယ်ဟု သွားရောက်တဲ့ ကယ်ဆယ်ရေးအဖွဲ့က ကနဦးသုံးသပ်ထားပါတယ်။

ထိုင်းနိုင်ငံတွင် အိုမီခရွန်၏ ထပ်ဆင့်မျိုးကွဲ BA.2.75 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေခြင်းပြီး လာမည်နှစ်တွင်လဲ ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ်က ထပ်ရှိလာနိုင်ကြောင်း ကျန်းမာရေးဌာနတွေက သုံးသပ်ထားကြပါတယ်။

နိုဝင်ဘာလ ၂၀-၂၆ ရက်နေ့အတွင်း ကိုဗစ်၁၉ စောင့်ကြည့်ရေးဌာန သတင်းထုတ်ပြန်ချက်မှာ တပတ်အတွင်း ကူးစက်သူ ၄၉၁၄ ဦး၊ သေဆုံးသူ ၇၄ ဦးရှိပြီး၊ တစ်ရက်လျှင် သေဆုံးသူ ၁၀ ဦးရှိကြောင်း သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS