19 April 2024

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် မူကထ ဆိုင် ၉ ခုမှာ အသားကုန်ကြမ်း စီမံဆောင်ရွက်သည့် လုပ်ငန်းများကို စစ်ဆေးခဲ့ရာ မူကထဆိုင်တွေကို ပို့ဆောင်ရောင်ချပေးတဲ့အသားများမှာ ဖော်မလင်စိမ်ထားတာကို တွေ့ရတယ်ဟု ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

ဖော်မလင် စိမ်ထားတဲ့အသားတွေဟာ အသားကင်ဆိုင် (မူကထ) တွေဆီ ဖြန့်ဖြူးပေးနေတာဖြစ်ပြီး၊ စားသုံးရန်မသင့်တဲ့ ဖော်မလင်ဓာတုဆေးပါရှိတဲ့ ဝက်သား/အမဲသား ကလီစာ ပေါင်းစုံပါဝင်တယ်ဟု ခရိုင်တိရစ္ဆာန်မွေးမြူရေးဌာန ဒီဇင်ဘာ ၅ ရက်မှာ သတင်းစာရှင်းပွဲတွင်ပြောကြားခဲ့ပြီး၊ ဖမ်းမိတဲ့အလေးချိန်မှာလဲ ၂၅ တန်လောက်ရှိတယ်လို့ ဆိုပါတယ်။

၄င်းအသားထုတ်လုပ်ရေးစက်ရုံမှာ ချွန်ဘူရီခရိုင် စီရာချာမြို့နယ် ဘော်ဝင်းရပ်ကွက်ထဲမှာရှိကြောင်းသိရပါတယ်။ တိုင်ချက်အရ ထိုင်းအာဏာပိုင်သွားရောက်စစ်ဆေးရာ ဝက်သားနဲ့ အမဲသားတွေကို အပိုင်းလိုက် ခုတ်ထစ်လှီးဖြတ်ပြီးထည့်ထားတဲ့ အအေးခန်းကွန်တိန်နာနှင့် အသားတွေကို ဖော်မလင်စိမ်ထားတဲ့ အအေးသေတ္တာပေါင်း ၃၀ လောက်ကိုပါ တွေ့ရတယ်လို့ ခရိုင်တိရစ္ဆာန် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။

အဲဒီစက်ရုံဟာ ဆိုင်ပေါင်း ၆၆ ခုကို ရောင်းချပေးနေပြီး အော်ဒါမှာထားတဲ့ဘောက်ချာစာရွက်တွေလဲ အမြောက်အများတွေ့ရတယ်ဟု ဆိုပါတယ်။ ဖော်မလင်ဆေးဟာ စားသုံးရန်မသင့်သော ဟိုက်ဒြိုဂျင်ပါအောက်ဆိုက်နဲ့ ငရဲမီးတွေ ပါဝင်ပြီး ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေပါတယ်။

အဆိုပါဖော်မလင်ဆေးဟာ လူသေအလောင်းတွေ မပုပ်မသိုးဘဲ တာရှည်ခံအောင်ထည့် သွင်းရတဲ့ ဆေးသာဖြစ်ပြီး စားသုံးရန်မသင့်လျော်ပါဘူး။ ထိုကြောင့် ဖော်မလင်စိမ်ထားသော အသားတွေကိုရောင်းချသူများကိုတွေ့ရှိပါက ၂ နှစ်ထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ဘတ် ၂၀၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းကျန်းမာရေးဦးစီးဌာနကသတိပေးလိုက်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – อีจัน

SHARE THIS NEWS

OTHER NEWS